Uni
"အမ် !!!"
ရွှေဘုန်း လန့်သွား၏။ မနက်မိုးလင်းတော့ ရင်ခွင်ထဲ ခေတ်လေးက ကိုယ်တွေ ပူ ပြီး ဖျားနေသည် ။ တချက်ချက် လည်း ညည်း နေတာ ကြောင့် ရွှေဘုန်းစိတ်မကောင်းဖြစ်ရသည်။ ညက သူ ကြမ်းသွားတာကြောင့် ခေတ်လေး အခုလို ဖြစ်ရတာ ။ ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။ တကယ်ဆို ကိုယ် ယူထားတဲ့သူက ဒီလောက်နုနယ်တာ အခုတော့ သူကြောင့် ။ ရွှေဘုန်း ပျာယာခတ်ပြီး ခန့်မင်းဆီ ဖုန်းဆက်ရသည် ။ ခန့်မင်းကလည်း သူကိုငေါက်၏ ။ အကို ခေတ်ကို သနားလို့တဲ့ ။ ကြီးသူကိုလည်းဖုန်းဆက်ပြီး ခေတ်ဖျားနေလို့ ပင်လယ်စာ ဆန်ပြုတ် လာပို့ပေးဖို့ ပြောထားသည်။
"အင်းး မောင် "
"ခေတ်လေး မောင်လာပြီ "
"ဘယ်လိုနေသေးလည်း
အရမ်းနာနေတာလား
မောင်မကောင်းလို့ပါကွာ
မောင့်ဆန္ဒကို ရှေ့တန်းတင်မိတယ်ကွာ
မောင်စိတ်မကောင်း လိုက်တာ "ခေတ်မျက်နှာလေးက နီရဲနေပြီး ပူနွေးနေသည်။
"မောင်က ကိုယ့်ကို ကိုယ် အပြစ်မတင်ပါနဲ့ ၊ ခေတ် က ပင်ပန်းတာတွေများပြီး ဖြစ်သွားတာမောင့်ကြောင့် မဟုတ်ပါဘူး"
"ခေတ် မျက်နှာသစ်ချင်တယ် "
ရွှေဘုန်းသိတာပေါ့ သူ့လက်ဆကို ခေတ် ထပြီး ရေချိုးခန်း မသွားနိုင်လောက်အောင်နာနေတယ်ဆိုတာ ။
"မောင်ချီပြီး ပို့ပေးမယ်နော်
မောင်က ချစ်တယ်နော်
ပြွတ်စ်စ် "ရေချိုးခန်းထဲ ခေတ်ကို မျက်နှာသစ်ပေးပြီး ၊ သွားတိုက်ပေးပြီး ရေပတ်ပါ တိုက်ပေးလိုက်သည် ။
"မောင့် !!!"
"ဗျာ "
"အပြင် ခဏထွက်ပေး
ခေတ် အပေါ့သွား ချင်လို့ ""ဟား ခေတ်လေးကလည်း ဘာမှရှက်စရာမလိုဘူး မောင် မြင်ဘူးပြီးသား ဒီတိုင်းပေါက် မောင် ခေတ်ကို တစ်ယောက်ထဲထားခဲ့မှာ စိတ်မချဘူး "
"မရဘူး ထွက် "
"ဩ ခက်ပြီ မောင့်ခင်ပွန်းလေးကတော့
ပြီးတော့ မောင် ကြည့်စရာရှိသေးတယ် "
YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး