Part 22(Uni+Zawgyi)

5.2K 222 6
                                    


Uni

"ဟူးးးး ​မောလိုက်တာ "

ပစ္စည်း​တွေ​နေရာ ချပြီး အခန်းသန့်ရှင်း​​ရေးလုပ်လိုက်တာ။ ခေတ်  ဂျပန်​ရောက်တာ ၂ ပတ် ​လောက်ရှိပြီ ။ အလုပ်စဝင်ဝင်ခြင်း ​ကောင်း condo မှာ လိုက်​နေတာဖြစ်သည်။ အခု​တော့ condo တစ်ခု ငှား​နေလိုက်၏ ။ ​ကောင်းက သူ့ နဲ့​နေ​စေချင်​ပေမယ့်​ ခေတ် ​​ ပြောင်းလာဖြစ်ခဲ့သည်။ သူများကို အ​နှောက်အယှက် ဖြစ်မှာတ​စ်ကြောင်း ၊ ​ကောင်း​နေတဲ့ အိုဆာကာ မြို့က အရမ်း လူစည်ကားတာကတ​စ်ကြောင်း ​ခေတ် မ​ပျော်ပါ။ ​ပြီး​တော့​မောင်ကလည်း ​ကောင်းနဲ့အတူ​နေတာ ကြိုက်မှာ မဟုတ်ဘူး​လေ ။ သူနဲ့ ​ဝေး​နေရ​ပေမယ့် ​မောင်မကြိုက်တာ​တွေကို ​ခေတ် မလုပ်မိ​အောင်ကြိုးစားပြီး ​နေတာပါ။

အေး​အေး ​ဆေး​ဆေး တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့ ကို​ဘေး ဆိုတဲ့မြို့ငယ်​လေးမှာ ​နေဖို့ဆုံးဖြတ်လိုက်သည်။ အလုပ်က ​တော့ အိုဆာကာ အထိ သွားရတာ​
ကြောင့် အနည်းအငယ် လှမ်းသည်။
​အလုပ်ကို ရထားဖြင့်သွားရတာ​ကြောင့် ​ဝေး​ပေမယ့် အဆင်​ပြေပါတယ်။  ​ခေတ်က ​အေး​အေး​ဆေး​ဆေး ​နေချင်တာနဲ့ ကွတ်တိကျတဲ့မြို့​လေးပါပဲ။

ဒီ​နေ့က အလုပ်ပိတ်ရက်ဖြစ်တာ​ကြောင့် အိမ်​ပြောင်းကာ ဝယ်စရာရှိတာများဝယ် ပြီး ပစ္စည်းများ​နေရာချ​နေတာနဲ့ ​လူကဖလပ်ပြသွားသည်။

ဂျပန်မှာသာရှိတာ တိုကျိုမှာရှိတဲ့တီ​လေးကို အဆက်အသွယ်လုံးဝ မလုပ်ပါ ။ တီ​လေးကို ဆက်သွယ် လိုက်ရင် နောက် ဆက် တွဲပြသနာ​တွေက တသီကြီးသူ့​နောက်လိုက်လာမှာ​ကြောင့်ပါ ။ သူ့ ဘဝ​လေးကို ​​အေး​အေးချမ်းချမ်းရှိတဲ့ ​နေရာ​မှာပဲ အဆင်​ပြေ​အောင်ကြိုးစားရင်း​နေထိုင်​နေပါသည် ။

​"မောင်​လေးက မြန်မာလား "

​ကောင်းနဲ့ ဖုန်း​ပြော​နေတာ ကြားသွားပြီး အားရဝမ်းသာနှုတ်ဆက်သည်။

"ဟုတ် မကြီး
​ခေတ်က အခုမှဒီအခန်းကို​ပြောင်းလာတာပါ "

​"အော် အမက ဟို ​ဒေါင့်စွန်းက အခန်း​ကလိုအပ်တာ ရှိရင်​ပြောပါ
မကြီး က ကူညီ​ပေးချင်လို့ပါ "

Forever Together  (Completed)Where stories live. Discover now