Uni
ရာသီဥတုက သာယာလွန်းလှသည် ။ မနက်ခင်းမှာ တောင်ဘက်မှလေအေးတွေက စတိုက်နေပါပြီ။ ကောင်းကင်က လည်းကြည်လင်ပြတ်သားလွန်းလှသည်။
"📩Good Morning မောင်
ခေတ် မုန့်ဟင်းခါးချက်ထားတယ်
Breakfast အတူစားရအောင် "ခေတ် က မောင့်အကြိုက်တွေကို လေ့လာထားတတ်သူ။မောင်နဲ့ သူ ချစ်သူဖြစ်တာ ၅ လ ကျော် အတွင်း မောင် ဘာကြိုက်တယ် ၊မကြိုက်ဘူး အားလုံးကို ခေတ် လေ့လာထားတာ။
မောင်က ခေတ်နဲ့ပတ်သက်တာဆို အသေးအမွှားက စ သဝန်တိုတတ်သူ ပေါ့။
ခေတ် ခေါင်းမှာစည်းတတ်တဲ့ ခေါင်းစီးကွင်းတွေတောင်သဝန်တိုတယ်တဲ့ ခေတ်နဲ့ အမြဲတမ်းရှိနေလို့တဲ့။"📩Good Morning မောင့်ခေတ်လေး
မောင်လာခဲ့မယ် ချစ်တယ်ဗျ "မောင်နဲ့အတူ Breakfast စားနေစဥ်
"ခေတ်က မောင် မုန့်ဟင်းခါးကြိုက်မှန်းဘယ်လို သိတာလည်း "
"မောင် ကြိုက်တာ အားလုံးသိတယ် လေ့လာထားတာ "
"ဒါဆို မောင် ဘာအကြိုက်ဆုံးလည်းသိလား"
ခေတ် ခဏစဥ်းစားလိုက်ပြီး
"သိတာပေါ့"
"ကြက်ဥ "
"ဟဟဟ မှားတယ် မောင် အကြိုက်ဆုံးက ခေတ် "
" ပြွတ်စ် "နှုတ်ခမ်းတခုလုံး အစားခံလိုက်ရ၏။
"ဂါးးး မောင် "
📲တူတူတူ
မေမေ
📞ဟုတ်ကဲ့မေမေ
📞သားခေတ်လေးကိုပြောစရာရှိလို့
📞ဟုတ်ကဲ့မေမေ ပြောပါဗျ
📞မေမေ့သူငယ်ချင်းရဲ့ သားလေးလာလိမ့်မယ် ရန်ကုန်မှာ အလုပ်ရလို့ လာတာ
သားခေတ်ဆီမှာ ၂ရက်လောက်တည်းလိမ့်မယ် သားလေး အစစအရာရာ ကူညီပေးလိုက်ပါအုန်းကလေးက ရန်ကုန်မရောက်ဘူးလို့ သားလေးသူ့ကိုသိတယ်လေ
ပြင်ဦးလွင်က အန်တီ ခင်ခင့်သား
မြတ်တော်ဝင် လေးလေ
YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး