Part 11(Uni+Zawgyi)

6.3K 286 4
                                    

Uni

"မနက်ဖြန် ​​မောင့်မိဘ​တွေနဲ့မိတ်ဆက်​ပေးမယ်​နော် ၊ခေတ် ဘယ်အချိန်အားလည်း"

"......."

​"မောင့် မမနဲ့​ယောက်ဖကလည်း ​ခေတ်နဲ့​တွေ့ချင်​နေပြီ ၊ ည​နေ ​လောက်ဆို အဆင်​ပြေလား "

​"မောင့်အလုပ်​တွေက​ကော "

"ရတယ်​လေ ၊ မောင် အလုပ်​တွေပြီးရင် ​ခေတ်ကို ဖုန်းဆက်လိုက်မယ် "

"အင်းပါ​မောင်"

​မောင်က သတ္တိရှိလိုက်တာ။ ငါလည်း ငါ့မိဘ​တွေကို​မောင်နဲ့မြန်မြန်မိတ်ဆက်​ပေးချင်​နေမိတယ် ။ ဒါ​​ပေမယ့် ​ကြောက်​နေမိတယ်​မောင်​ရယ်။ ဘယ် လို သတ္တိ​တွေ ​မွေးပြီး ​ဖေ​ဖေနဲ့​မေ​မေ ကို ​ပြောရမလည်း။ ကြာလာရင် ​မောင့်ကိုလည်း အားနာ ရသည်။ သူ့မိဘ​တွေက​တောင် လိုလို လားလား ​ခေတ်ကို လက်ခံခဲ့​သေးတာ ။ ​မောင့်လို လူမျိုးကို ဘယ်အိမ်ကမဆို သမက်​တော်ချင်လွန်းလို့။

~~~~~~~~~~~~

"မြတ်က​လေး ကိုကို ကို့ စိတ်မ​​ကောက်နဲ့ကွာ
ကိုကိုက ချစ်လို့ စတာ "

​"ကောက်တယ် လာမ​ခေါ်နဲ့ ၊ခင်ဗျားနဲ့ ဘယ်မှမလိုက်ဘူး"

မြတ် အလုပ်လုပ်​သော car show room vip ခန်းတွင် အဏ္ဏဝါမင်း တ​စ်ယောက်ဒုက္ခ ​ရောက်​နေသည်။ မြတ်ကို သူ့အိမ်​ခေါ်တာ ဟိုက မလိုက်ပါ ။ လိုက်သွားသည့်​နေတိုင်း ​နောက်ရက် အလုပ်မတတ်နိုင်​​အောင် ကြမ်းတတ်​သော အဏ္ဏဝါ ။မြတ်လည်း ကြာ​တော့ အလုပ်ကို အားနာ လာသည်။ director နဲ့ပါသွားရင် ညလုံး​ပေါက် ပြန်မလာတာတို့ ၊ခွင့်ယူတာတို့ အများအမြင်မှာမသင့်​တော်ပါ ။ သူများ​​တွေ ​ပြောစရာဖြစ်မည်။ ချစ်တဲ့ကိုကို့ ​ကို​တော့ အစစအရာရာ လိုက်​လျော​ပေးချင်သည်။ အများအမြင်ကရှိ​သေးတယ်​လေ ။ကိုကို့ ကို ဒီတခါ​တော့ လုံးဝအ​လျော့မ​ပေးပါ ။

"ခင်ဗျား အဲ့လိုသာ ဆက်လုပ်​နေရင် ကျ​နော် အလုပ်ထွက်​​တော့မယ် "

"ဟာ မြတ်က​​လေး ဘာ​တွေလည်း ကိုကို က မ​​လျှော့ဘူး​နော်၊ မြတ် ဘယ်​ပြေး​ပြေး ကိုကို က ရ​အောင် လိုက်ရှာမှာ၊ကိုကို့ ကိုစိန်မ​ခေါ်နဲ့ "

Forever Together  (Completed)Where stories live. Discover now