Uni
"မောင့် ဘာတွေစဥ်းစားနေတာလဲ "
ခေတ်နဲ့ ခုတင်ပေါ်မှာ လဲအိပ်နေရင်းက မောင်က စကားပြောတာ ရပ်ပြီး ငေးနေတာကြောင့် ခေတ် မေးလိုက်သည်။ မောင်က အခုတလော အလုပ်တွေ အရမ်းများတာကော ခရီးတွေ ထွက်ရတာကြောင့် အရမ်းပင်ပန်းနေပါသည်။ မောင့် ကျန်းမာရေးထိခိုက်မှာ ဆိုးတာကြောင့် ခေတ် မောင့်ကို အရိပ်လို ကြည့်ကာ နေရ၏။ သားနဲ့ မောင့်ကို ဘာမှ အဖြစ်မခံနိုင်ပါ ။ ခေတ်တတ်နိုင်သလောက် ကာကွယ် စောင့်ရှောက် နေပါသည်။ သားက အသက် ၇ နှစ် မို့ အစစ အရာရာ နားလည် သိတတ်နေပါပြီ။ အဖေ နှစ်ယောက်အပေါ်မှာလည်း နားလည် သိတတ်တာ က လူကြီးလေး တစ်ယောက်လိုပါ ။
"ခေတ်လေးအကြောင်းပါ "
"ယောကျာ်းကတော့ပိုပြီ "
"အင့် ...."
မောင်က ခေတ်ကို ရင်ခွင်ထဲဆွဲသွင်းကာ အပိုလုပ်တာမဟုတ်ကြောင်း မျက်နှာ တစ်ခုလုံးကို အနမ်းဖြင့် သက်သေပြနေ၏။ ခေတ်လည်း မောင့်အနမ်းတွေကို ပြန်လည်တုန့်ပြန်နေလိုက်သည်။
"ခေတ်လေး မွေးနေ့ ဘာလုပ်ပေးရမလဲ
စဥ်းစားနေတာ ""ပြွတ်စ်... အဲ့ဒါတွေကြောင့် မောင့်ကို ချစ်တာ
နှစ်တွေ ဒီလောက်ကြာနေပြီ ခေတ်ကို အရင်ကလို ချစ်တုန်းပဲလား ""ဟုတ်... နည်းနည်းလေးတောင်မလျော့ပါဘူးဗျာ
ပိုတိုးပြီး ချစ်နေတာ ""ကျေးဇူးပါမောင် "
ခေတ်က သူ့မွေးနေ့အကြောင်းသူဖြစ်ချင်တာတွေ အားလုံးကို ရွှေဘုန်းကို တိုင်ပင်လိုက်၏။ ခေတ် အသက် ၃၅ နှစ်ပြည့် မွေးနေ့မို့ ထူးထူးခြားခြားလေး လုပ်ချင်နေမိသည်။ အသက် လည်း ရလာပြီမို့ မွေးနေ့ကိတ် လှီးပြီး ပျော်ပွဲရွှင်ပွဲတွေ မလုပ်ချင်တော့ပါ။ အဓိပ္ပါယ်ရှိရှိ မွေးနေ့လည်းကို ဖြတ်သန်းချင်တာပါ ။
"ခေတ် စိတ်ကူး ကောင်းသားပဲ
မောင်လည်း ရဟန်းခံမယ်လေ
ခေတ်လေး လည်း ရဟန်းခံလိုက်ပေါ့ "

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး