Uni
"ခေတ်ပြီးပြီလား"
" လာပြီမောင်ရေ "
ခန့်မင်းက dinner ကျွေးပြီးရဝေနဲ့သူငယ်ချင်း တွေကို မိတ်ဆက်ပေး မလို့တဲ့။ ဆိုင်ထဲရှိ private room တွင်အဏ္ဏဝါနဲ့မြတ်တော်ဝင် ရောက်ရှိနေကြပြီ။
"ဟင်မြတ်ကလေး "
"ဩအကိုခေတ်"
"မြတ်ကလေးက ဘယ်လို "
သူတို့ သူငယ်ချင်း ၃ယောက်နဲ့ သက်ဆိုင်သူတွေသာ ဖိတ်ကျွေးတာ ဖြစ်တာကြောင့် မြတ်ကလေးက ။
"အကိုခေတ် ကို ကျနော် မပြောမိလို့ပါ ၊
အကို့ညီလေးနဲ့ ကျနော် ချစ်သူဖြစ်နေပြီ ""ဟော သွပ်လှချည်လား အဏ္ဏဝါ၊
အကိုညီလေးကို ဂရုစိုက်ပေးပါအုန်းနော်၊
အဏ္ဏဝါ နဲ့ဆို အကိုစိတ်ချပါတယ်""ဟုတ် အကိုခေတ်စိတ်ချပါ"
"ခန့်မင်းတို့မလာသေးဘူးလား နောက်ကျတယ်နော် "
"ဟောဟိုမှာ လာနေပြီ "
ခန့်မင်းက ရဝေ့လက်ကိုဆွဲလျှက် ။ ခန့်မင်းပြောပြထားလို့ ရဝေ့ ရဲ့ဖြစ်တည်မှု ကိုသူတို့ သူငယ် ချင်းတွေသိထားကြပေမယ့် လူချင်းတော့အပြင်မှာ မတွေ့ဘူးကြပါ။ရဝေ့ရဲ့သိတတ်မှုကို ခေတ်ဆိုအရမ်းကို လေးစားနေမိတာတဲ့။
'ထိုင် ဝေ"
"ဝေတို့ နောက်ကျနေလို့တောင်းပန်ပါတယ် "
"ရပါတယ်"
"အခုမှပဲလူချင်းတွေ့ပြီး အားလုံးနဲ့မိတ်ဆက်ပေးရတော့တယ် ဒါ ရဝေသူ တဲ့ "
"အေးပါကွာ သားရီး မင်းနဲ့တောင် မလိုက်ဘူး ရဝေက အလှလေး "
အဏ္ဏဝါရဲ့စကားကို ခေတ်ကပါ"တကယ်အလှလေးပါ ခန့်မင်း "
"အကိုခေတ် ကျေးဇူးပါ "
"သူတို့တွေက ကိုယ့်သူငယ်ချင်း တွေ ဝေ၊
ဒါက ရွှေဘုန်းတန်ခိုး ဘေးကသူရဲ့ချစ်သူ့ အကိုခေတ် တခေတ်ဆန်းသစ် တဲ့ designer""ဟုတ်တွေ့ရတာဝမ်းသာပါတယ် "
"ဟိုတယောက်က အဏ္ဏဝါမင်း သူဘေးကတော့ သူမကြာသေးခင်ကမှ အဖြေရသွားတဲ့ အသစ်စက်စက် ချစ်သူလေး မြတ်တော်ဝင်တဲ့"

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး