Uni
ဒီနေ့ အဏ္ဏဝါ ပြည်လမ်း car show room မှာ သောင်တင်နေ၏။ မနက် စာရင်းစစ်စရာ ရှိတာ ကြောင့် ။ လာတာတော့ ခဏပဲ ဒါပေမယ့် သံလိုက် လို တခုခုက ဆွဲထားသည်။
show room မန်နေဂျာမှ
" အသစ်ကလေးသုံးယောက်ပါအကိုအဏ္ဏဝါ marketing အတွက် အသစ်ခန့်လိုက်တာပါ"
နာမည် နဲ့ လူ များကို တွဲဖက် မိတ်ဆက်ပေးပြီးနောက် " မြတ်တော်ဝင် " နာမည်ကော လူကော ခေါင်းထဲက ထုတ်မရ ။သွက်သွက်လက်လက် လေး ဘယ်လို ပုံစံလေးမှန်းလည်း မသိဘူး ။
"အဲ့ လူထူးဆန်းလေးအကြောင်းသိချင်နေတာ တားမရ"
စကားပြောရန် အကြောင်းရှာပြီ။
"ဂျာကြီး အသစ်ရောက်လာတဲ့ မြတ်တော်ဝင်ကိုခေါ်ပေးပါအုန်း "
"ဟုတ်ကဲ့ပါ အကို "
"မြတ်ကိုခေါ်တယ်ဆိုလို့ပါဆရာ "
"ဪ ဟုတ်တယ် ထိုင်ပါအုန်း ညီလေး "
"အကို ခေတ်ရဲ့ညီလေးဆိုတာ မြတ်တော်ဝင်လား "
တကယ်တော့ သိပြီးသားပါ။ ဂဏာမငြိမ်သောနှလုံးသားလေး အတွက် အကြောင်းမရှိအကြောင်းရှာတာ ။
"ဟုတ် ဆရာ မြတ်က အကိုခေတ်တို့မိသားစုနဲ့ဆွေမျိုးတွေလိုနေတာ "
"ဆရာလို့မခေါ်ပါနဲ့လား
ကိုယ် တမျိုးကြီးဖြစ်နေလို့ ""ဟုတ်ကဲ့ပါ အကို"
"မြတ်တော်ဝင် ကိုလည်း မြတ်လို့ပဲခေါ်မယ်နော် အကိုခေတ် ညီလေးဆိုတော့ ကိုယ့်ညီလေးပဲလေး "
"ဟုတ်အကို ရပါတယ်ဗျ"
ပြောစရာ စကားက မရှိတော့ဘူး ။ ဒီအကောင်ပေါက်လေးကို တွေ့ကတည်း စကားတွေ ပဲ တနေကုန် ထိုင်ပြောချင်နေမိ၏။ အကြည့်ခြင်းဆုံတိုင်း လည်း နှလုံးသားက တချက်ချက်နွေးသွားသည် ။ မြတ်တော်ဝင် အတော်ချစ်ဖို့ကောင်းသည် ။ သွက်လက်ချက်ရှာသည်။ စကားကိုလည်းပြုံးပြီးပြောတတ်၏။ ရယ်လိုက်ရင် သွား အစွယ် မှာ ရှိတဲ့ စိန်ပွင့်လေးက အထင်သား ။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး