Uni
"Morning မောင့်ခေတ်လေး"
"Morning မောင် "
"ပြွတ်စ်.. morning kiss ပြန်ပေးအုန်း"
"ပြွတ်စ်... ချစ်တယ်မောင် "
မောင့်ရင်ခွင်ထဲမှာ အိပ်ရတာ အကောင်းဆုံးပဲ။အိပ်ရတာသက်တောင့်သက်သာရှိ၏ ။ အိပ်ယာက မထသေးတဲ့ ခေတ်ကို အတင်းလိုက်နမ်းနေပြန်သည် ။တကယ်ကို ပျော်စရာ ကောင်းသည်။ တအားတွေ လိုက်စနေတာ မောင်အလုပ်နောက်ကျတော့မည်။ ခေတ်ကသာ အလုပ်ကြိုပိတ်လိုက်ပေမယ့် မောင့် ကုမ္ပဏီက ဒီနေ့ နောက်ဆုံးအလုပ်တက်ရအုန်းမည်။ မနက်ဖြန်အကြိုနေ့မှ စပိတ်မှာ။
"မောင် ထတော့လေ အလုပ်နောက်ကျ
လိမ့်မယ် ""ဟုတ် ခဏလေး မောင်ဒီလိုလေးနေချင်သေးလို့ "
"မောင် !! ထတော့ နောက်ရက်ပိတ်မှအတိုးချအိပ် "
"ဟုတ်ခဏလေး "
"ဒါဆို ခေတ်ရေအရင်ချိုးလိုက်မယ် "
မောင့်လက်တွေ ကြားက ထကာ ရေချိုးခန်းထဲဝင်လိုက်သည်။ ခေတ်ရေချိုးပြီးထွက်လာသည့်အထိ မောင်က မထသေး။
"မောင်ထတော့လေ "
"ဟုတ် ထပြီ"
ခေတ်ကိုနမ်းလိုက်ပြီးမောင်ကရေချိုးခန်းဆီသို့ ။ ခေတ်အဝတ်အစားတွေထားတဲ့အခန်းထဲတွင် အင်္ကျီဝင်လဲလိုက်သည်။ မောင့်အတွက်ပါ အင်္ကျီရွေးပေးထားပြီး necktie လေးပါ ရွေးပေးထားလိုက်၏။
"ခေတ်ပျင်းနေရင် မောင်နဲ့ကုမ္ပဏီလိုက်ခဲ့ပါလား"
"ခေတ်က မာမီနဲ့ စျေးလိုက်သွားမလို့ "
"သင်္ကြန်အတွက်ဝယ်စရာ ရှိလို့ မာမီလည်းအဖော်ရအောင် "
"မောင့်အတွက် အင်္ကျီထုတ်ထားတယ်"
" ဟုတ် "
ခေတ်က မောင့်အတွက် suit ခဲရောင်လေး၊ necktie နဲ့ boxerပါမကျန်ထုတ်ပေးထားတာ။ အဲ့လို ချစ်ဖို့ကောင်းတာ။ဘာဖြစ်ဖြစ် အလိုက်သိတာ။
"ခေတ်လေး မာမီနဲ့ shopping ထွက်တာဘာဝယ်မလို့လဲ "

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး