Uni
This part contains mature scenes.Don' t read under 18.
( WARNING)ခေတ် တို့မင်္ဂလာပွဲနီးလာတာကြောင့် အလုပ်တွေအရမ်းရှုပ်နေကြ၏ ။ ကိုယ့်မင်္ဂလာဝတ်စုံကို စိတ်ကြိုက်ဖန်တီး နေတာကြောင့် နေမအား ညမအား ။ မိသားစုအတွက် ဝတ်စုံတွေကတော့ မဆု နဲ့ ဆိုင်ကဝန်ထမ်းတွေသာ လွဲထားလိုက်သည်။ ခေတ် စိတ်ကြိုက်ဖန်တီးလိုက်တဲ့မင်္ဂလာဝတ်စုံ လေးတွေက အတော်လေး လှ၏ ။ ယောကျာ်းလေး နှစ်ယောက်ပွဲ ဖြစ်တာကြောင့် အကြီးအကျယ်ကြီးမလုပ်ဖို့ ခေတ် မောင့်ကို တားထားရသည်။ မောင်က မရဘူး တစ်လောက လုံးကို ကြော်ငြာ ချင်နေသည်။သူက ခေတ်ကိုပိုင်တယ်ဆိုတာ အားလုံးကို ကြွားချင်တာ တဲ့ ။
📲တူတူတူ
📞Hello မောင်
📞လွမ်းလို့
📞ဟောဗျာ
📞အခုမှ မတွေ့ရတာ ဘယ်နှစ်နာရီ ရှိသေးလို့
📞မရဘူး လွမ်းလို့ ထမင်းမစားနိုင်ဘူး
📞ဒါဆို ခေတ် လာကျွေးရမလား
📞မောင်လာခဲ့မယ်
အလုပ်တွေ တအားလုပ်မနေနဲ့နော်
ခေတ်က ဘာလေးဝတ်ဝတ် မောင့်မျက်လုံးထဲလှပြီးသား📞ပိုပြီ မောင်ကတော့
ဖုန်းချ သွားပြီး ခေတ် မီးဖို ခန်းထဲ အပြေးဝင်ကာ မောင့်အတွက် ချက်ပြုတ်ရသည် ။ ထမင်းမစားချင်ဘူးဆို လာသူကို ထမင်းသုတ်လေး လုပ်ကျွေးဖို့ ဆီကျက်ချက်လိုက်သည် ။ ကြက်ဥ လိပ်ရယ်၊ ငါးဖယ်သုတ်ရယ် ၊ ကြက်သားလုံးကြော်ရယ် ၊ ပဲပင်ပေါက် နဲ့ ဂေါဖီရယ်တရုပ်နံနံ ရယ် ဟင်းချို လေး အမြန်ချက်လိုက်သည်။
"မောင့် အချစ်လေး "
"ဟော မောင်လာပြီ"
"ဘာတွေ ချက်နေပြန်တာလည်း ပင်ပန်းပါတယ်ဆို မောင့်ကလေးလေးကတော့ "
"ပင်ပန်းလည်း မောင့်အတွက်ဆို ရတယ်"
"ရွှတ်.... "
"စကားတွေ နဲ့ အရမ်းချွေမနေနဲ့နော် ဒီကောင် က အလုပ်မသွားပဲတစ်နေကုန် နေလိုက်မှာ "

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး