Uni
"အင့်....အားးး
မောင့်"
"ခေတ်လေး ဘာဖြစ်တာလဲမောင့်ကိုပြော "
"မောင့်သားလေးက တစ်ညနေလုံး ခေတ်ဗိုက်ထဲမှာ ခုန်ပေါက်နေတာ
အခုလည်း ညကြီးကို ဘောလုံး ထကန်နေပြန်ပြီ""ဟာာား "
ခေတ် အပြောကြောင့်ရွှေဘုန်း ရယ်ချင်စိတ်ကိုမနည်းတားလိုက်ရသည်။သား သမီး မကောင်း မိဘခေါင်း ဆိုတာ ဒီလိုမျိုးပေါ့ ။ အခုတောင် ည ၁၂ လောက်ကြီးကို မအိပ်ပဲ ထကန်နေလို့ ဒယ်ဒီဖြစ်သူက အဆူခံနေရပြီ။
ရွှေဘုန်း လည်း ခုတင်ပေါ်မှာ ပက်လက်လေး အိပ်နေတဲ့ ခေတ်ရဲ့ ဗိုက်ဖြူဖြူဖောင်းဖောင်းလေးကို ကြည့်လိုက်၏ ။ တကယ်ကြီး ကန်နေတာ ဟိုနေရာက ဖောင်းလာလိုက် ဒီနေရာက ဖောင်းလာလိုက်ပဲ။ ခေတ်လေး ဘယ်အိပ်ပျော်မလဲ သနားလိုက်တာ ။ မီးဖွားဖို့ တစ်လ ပဲ လိုတော့တာမို့ သူလည်း အပြင်ထွက်ချင်တာနဲ့တူတယ်။ ဒီလိုတော့ ဖေဖေခေတ် ကို အနိုင်ကျင့်လို့မရဘူးလေ သားလေးရဲ့ ။ ဒယ်ဒီက ဆုံးမပေး ရတော့မယ်။ ရွှေဘုန်း ခေတ် ဗိုက်ကို ပွတ်လိုက်ပြီး.....
"သားလေး ဖေဖေ့ကို အဲ့လို မကန်ရဘူးလေကွာ
သားက ကန်နေတော့ ဖေဖေက ဘယ်
အိပ်ပျော်တော့မလဲ
ဒယ်ဒီကို ချစ်ရင် ဖေဖေ့ကို မကန်နဲ့နော်
သားက ဒယ်ဒီပြောတာ နားမထောင်ရင် ဒယ်ဒီတို့သားအဖကို ဖေဖေ က မုန်းသွားလိမ့်မယ် ကြားလား သားသား ""ခစ်ခစ် "
ခေတ် ရယ်ချင် လာတာကြောင့် အသံထွက်ကာ ရယ်ပစ်လိုက်သည်။မောင်နဲ့သားသားက တကယ်ကို တဲ့တာ ။ ညတိုင်းလည်း ဗိုက်ကို ကိုင်ပြီး မောင်က စကားပြောနေကျမို့ထင်တယ်။ မောင်လည်း ပြောလိုက်ကော ဗိုက်ထဲက အကောင်ပေါက်က ငြိမ်ကျသွားသည်။ တကယ်လည်း လိုက်တဲ့ သားအဖတွေ အပြင်သာ ထွက်လာရင် သားအဖ နှစ်ယောက်ပေါင်းပြီး ဘယ်လောက်တောင်ကဲအုန်းမလဲဆိုတာ တွေးကြည့်တာနဲ့ ခေတ်သိပါတယ်။
"မောင့်သားက လူလည်လေး ဒယ်ဒီ့စကားဆို နားထောင််တယ် ငြိမ်သွားပြီ အိပ်ပျော်သွားပြီထင်တယ် "

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး