Part 32 (Uni+Zawgyi)

6.2K 245 22
                                    

Uni

📞hello ​​မေ​မေ
​ ခေတ်​လေး ​မေ​မေဆီ​ရောက်​နေတာ လား

​📞အေး သား​ရွှေဘုန်း
စိတ်​ဆိုး​နေကြပြန်ပြီလား

📞မဟုတ်​ဘူးမေ​မေ
ဘာမှမဖြစ်ဘူး
သားလိုက်လာခဲ့မယ်

​မေ​မေ ဆီဖုန်းဆက်ပြီး​တော့ ​ရွှေဘုန်း စိတ်​အေးသွားသည်။ အရင်တခါလို ​ပျောက်သွားမှာ ​​သေမ​လောက် စိုးရိမ်​နေခဲ့တာ ။ ​နေပြည်​တော်​ရောက်မှပဲ ​ယောက္ခမ အ​ငေါက်ခံ​တော့လို့ဆုံးဖြတ်ပြီး ​ရွှေဘုန်း ကားကို ​နေပြည်​တော်သို့ ဦးတည်လိုက်သည်။

​ရွှေဘုန်း တစ်ညလုံးကား​မောင်းလာတာ ​နေပြည်​တော်​ရောက်​တော့ မနက် ၄နာရီသာရှိ​သေးသည်။ မနွယ်ကို ဖုန်းဆက်ပြီးတံခါးဖွင့်ခိုင်းရသည်။ ကားကိုခြံထဲသွင်းပြီး ​ခေတ်​လေး အခန်းကို ဖွင့်ဝင်လိုက်သည်။

​"မောင့် က​လေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေတာပဲ"

ကာတွန်းရုပ် pajamas အဝါ ​ရောင်လေး ဝတ်ပြီး ​ကွေး​ကွေး​လေးအိပ်​နေတဲ့ ​ခေတ်​လေးကို အနမ်း တစ်ချက်​ပေးလိုက်သည်။​ရွှေဘုန်း ​ရေချိုးခန်းထဲဝင်ပြီးကိုယ် လက်သန့်စင်ကာ ​ခေတ်​လေးကို ဖက်ပြီး အိပ်စက် လိုက်သည်။ ရန်ကုန်က​နေ ကား​​မောင်း လာတာ​ကြောင့် ခဏအတွင်းအိပ်​မော ကျသွားခဲ့သည်။

​ခေတ် မနက်နိုး​တော့ လန်းလန်းဆန်း​ဆန်းကြီးနိုးလာခဲ့သည်။ တစ်ဖက်က ​နွေး​နွေးအိအိ လက်​မောင်းကြီးက ကိုယ်​ပေါ် ​ရောက်​​နေသဖြင့် ​မောင်လိုက်လာ တယ်ဆို တာ ​​ကြည့်စရာ​တောင်မလို ။
​ခေတ် ဖက်ထားတဲ့ ​မောင့်လက်ကို ခွာချပြီး ​ရေချိုးခန်းဝင် ​ရေချိုးပြီး ​မေ​​မေရှိတဲ့ဆီ ထွက်လာလိုက်သည်။

"သား​ခေတ်​လေး ထိုင်အုန်း "

ထမင်းစားခန်းထဲမှာ မနက်စာ စီမံ​ပေး​နေတဲ့​​မေ​မေက ​ခေတ်ကို စဆူပါ​တော့သည်။

"သား​ခေတ်​လေး ​မေ​မေ မ​ပြောချင်ဘူး ​နော် သား​ရွှေဘုန်းနဲ့ ဘာဖြစ်ပြန်ပြီလဲ "

"ဘာမှမဖြစ်ပါဘူး ​
​မေ​မေကလည်း သားပဲဆူ​နေတာ
အ​ကြောင်းအ​ရင်းမသိပဲနဲ့ "

Forever Together  (Completed)Where stories live. Discover now