Part 34(Uni+Zawgyi)

5.7K 239 6
                                    

Uni


📲တူတူတူ

📞Hello ​မေ​မေ

📞သား​​လေး ​နေ​ကောင်းရဲ့ လား

​📞ကောင်းပါတယ်​​မေ​​မေ

​📞ဖေ​ဖေနဲ့​မေ​မေ​​ကော ​နေ​ကောင်းရဲ့လား

​📞ကောင်းပါတယ်ရှင်

📞သား​ရွှေဘုန်း အလုပ် ခရီးထွက်မယ်ဆို​တော့ ​မေ​မေ လာခဲ့ရမလား သား​လေး

📞ရပါတယ်​​မေ​မေ
ကြီးသူတို့ရှိပါတယ်
သားအဆင်​​ပြေတယ်

​📞အေးပါ သား​လေး အဆင်​ပြေရင် ပြီးတာပါပဲ
သား​လေးပျင်း​နေမှာဆိုးလို့

​​မေ​မေက ​ရွှေဘုန်း အလုပ်ကိစ္စနဲ့ နိုင်ငံခြားခရီးသွားရမယ်ဆိုတာကို ​ခေတ်ကိုစိတ်မချဖြစ်​နေတာ။ ​မေ​မေ က ​ခေတ် ကိုယ်ဝန်ရှိတည်းက တစ်​နေ့ တစ်ကြိမ် ဖုန်းဆက်သည်။ တစ်ခါတစ်​လေ မနက်တခါ ညတစ်ခါ ​တောင် ဆက်​သေးသည်။ ​​ခေတ်​လေးက ​ယောကျာ်း​​လေး ကိုယ်ဝန်သည်မို့ စိတ်မ​အေးနိုင်တာလည်းပါသည်။ ​ခေတ်ကလည်း ​ဖေ​ဖေနဲ့​မေ​မေ ကို လွမ်း​ပေမယ့် ဗိုက်က​လေးက ထွက်​နေတာ​ကြောင့် ​ဖေ​ဖေ​ရှေ့မှာ ရှက်​လို့ ​နေပြည်​တော် မသွားဖြစ်​တော့ပါ ။ ​မေ​မေက​တော့ ​ခေတ်မွေးခါနီး တစ် လ အလို မှာ သူက ​ခေတ်​လေးနဲ့ လာ​နေမယ်လို့​တော့ ​ပြောထား၏။ အခု​တော့ မိဘ​တွေကို vcall ​လေး ​ပြောပြီးအလွမ်း​ဖြေရသည်။ မန်း​လေးက မမက​တော့ ရန်ကုန်​ရောက်တိုင်း​ခေတ်ဆီလာ​တွေ့ တတ်သည်။

​"ခေတ်​လေး ဘာ​တွေ စဥ်းစား​နေတာလဲ "

​မေ​​မေတို့နဲ့ ဖုန်း​ပြောပြီး လွမ်းသွားတာ​ကြောင့် ​ခေတ်မျက်နှာ ပျက်သွားသည်။ အခုဆို ပိုဆိုး​တော့မယ် ​မောင်ကလည်း ၅ရက်​တောင် oversea ခရီးထွက်မှာဆို​​တော့ ​ခေတ်ဘယ်လို ​နေရမှန်း​တောင်မသိ။

​"မေ​မေတို့ ကို လွမ်းလို့ပါ ​မောင် "

​"အော် ​ခေတ်​လေးကလည်း ​မောင်ပြန်လာရင် ​နေပြည်​တော် လိုက်ပို့မယ် "

"ဟင့်အင်း မသွား​တော့ပါဘူး"

"ဘာလို့လဲ "

Forever Together  (Completed)Where stories live. Discover now