Uni
ရွှေဘုန်း တို့ သူငယ်ချင်းတစ်စု ပြင်ဦးလွင်ရောက်နေကြသည်။ အဏ္ဏဝါနဲ့ မြတ်တို့ မင်္ဂလာဆောင် ပွဲတက်ရန် အတွက် ။ ခန့်မင်း နဲ့ ရဝေ ကလည်း မင်္ဂလာ ကိစ္စကို အားလုံးကူညီကြ၏။ ခေတ်ကလည်း အဏ္ဏဝါတို့ မနက်ပွဲ၊ ညပွဲတွေအတွက် ဝတ်စုံများကို လှပစွာ ချုပ်ပေးထား သည်။ မြတ်မိဘများက LGBT ကိုထောက်ခံတာကြောင့် မင်္ဂလာပွဲကို မနက်တပွဲ ၊ ညတပွဲစည်ကားစွာ လုပ်ကြမည်။ မြတ် တို့ပိုင်တဲ့ resort မှာပဲ ပွဲ ၂ပွဲ လုံး လုပ်ကြမည်။
မြတ်ကလေးကိုတော့ ပြောထားရသေးတယ် ။မောင်နဲ့ ခေတ်အကြောင်း သူ့အမေကို အသိမပေးဖို့။ သူ့အမေ နဲ့ ခေတ်မေမေ က ညီအမတွေလိုနေကြတာ ။ သူများပြောမှ ခေတ်မိဘတွေသိမှာထက် ခေတ်ကိုယ်တိုင်ပြောပြမှသိတာကို လိုချင်တာ။
ရွှေဘုန်းတို့အဖွဲ့တွေကမင်္ဂလာပွဲမတိုင်မှီတစ်ရက် ကြိုရောက်သည်။ ခန့်မင်းတို့ အတွဲကတော့ ကားတစီးဖြင့် နေရာစုံလည်ပတ်နေကြသည်။ ရွှေဘုန်းကတော့ ခေတ်လေး ခရီးပန်းလာတာကြောင့် နားခိုင်းထားသည်။
"ခေတ်လေး အဆင်ပြေလား ၊ နေရတာ ဘယ်လိုလဲ ၊ မူးနေတာကော ပျောက်ပြီလား "
"အဆင်ပြေပါတယ် မောင် "
"ခေတ်လေး အပြင်ထွက်ချင်သေးလား "
"ထွက်မယ်လေ မောင် လန်းသွားအောင်"
"မောင်!! ခေတ်လေ ဆိုင်ကယ် နဲ့ သွားချင်တယ် ကားမစီးချင်တော့ဘူး "
"အင်း ခေတ်လေး သဘော မောင်စီစဥ်လိုက်မယ် "
ခေတ် ရေချိုးပြီးထွက်လာတော့ မောင်က အဆင်သင့် ။ Jean pants အနက်ရောင် ၊လည်ပိတ် ဆွယ်တာ အဖြူ အပေါ်မှာ ဂျာကင်အနက်ရောင် နဲ့ ဖိနပ်ကလည်း အနက် မောင့် အသားအရေ ၊ အရပ်အမောင်းနဲ့ကတော့ အတော် လိုက်ဖက်သည်။
"ခေတ်လေး အေးလိမ့်မယ် အနွေးထည်ဝတ်ခဲ့"
ခေတ်က ဘောင်းဘီအဖြူရောင် ၊ Hoodie အဝါ ရောင်လေးနဲ့ lv shopping bag လေးလွယ် ထားတာ။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး