အခန်း(၁)
4.2K 167 12
ဒီနေ့တန်ဆောင်မုန်းလပြည့်ကျော်ဆယ်ရက်…အမျိုးသားနေ့-
အောင်သီဟခေါင်းစားနေရပြီ။ဒီနေ့ကကိုယ့်အမျိုးသားလေးမွေးတဲ့နေ့ပဲ။မွေးနေ့လက်ဆောင်
ဘာပေးရပါ့မလဲ။စုလေးကမွေးနေ့လက်ဆောင်
အစွဲအလမ်းကြီးသည်။သူ့ရဲ့ပထမဆုံးမွေးနေ့
လက်ဆောင်ကိုအသက်(၂၀)ပြည့်မှရဖူးခဲ့သည်။
သူ့ရဲ့အသက်(၂၀)ပြည့်မွေးနေ့မှာသူ့အဖေဝယ်
ပေးခဲ့တဲ့မွေးနေ့လက်ဆောင်ဆိုင်ကယ်လေးကိုဘယ်လိုမှစွန့်ပစ်ခိုင်းလို့မရ။ဆိုင်ကယ်အသစ်ဝယ်ပေးတာလည်းစီးခိုင်းလို့မရ။
သူ့ဆိုင်ကယ်လေးကနွားနဲ့ဝင်တိုက်မိပြီးကတည်းကကျိုးပဲ့သွားတာတစ်ခုမှအကောင်းမကျန်။ဟိုဟာပျက်ဒီဟာပျက်နဲ့။အဲဒါလည်းစိတ်မကုန်
ဘူး။ဝပ်ရှော့ပို့လိုက်၊ပြန်ယူလိုက်၊ပြန်ပျက်လိုက်၊
ပြန်ပို့လိုက်နဲ့အခုထိကျောင်းသွားကျောင်းပြန်ဆိုင်ကယ်အစုတ်နဲ့။
ယောက္ခမကြီးကိုကားဝယ်ပေးတော့လည်းအောင်စုအဖေပီသစွာဖုန်သုတ်ပြီးအလှကြည့်နေသည်။ကားမောင်းသင်ပေးတော့လည်းမသင်ချင်ပါဘူးကွာတဲ့။ကိုယ်ကပဲသူ့ဆီကနေနွားလှည်းမောင်းတာပြန်သင်လိုက်ရသည်။
ကျွန်တော်လုပ်ကျွေးပါ့မယ်အေးအေးဆေးဆေး
နေပါဆိုတော့လည်းလယ်အလုပ်လေးမှမလုပ်ရရင်ငါဘာလုပ်ရမလဲတဲ့။နွားညီနောင်ကိုလည်းသံယောဇဉ်ဖြစ်နေပြီမို့မစွန့်လွှတ်နိုင်ပါဘူးတဲ့။အခုထိလှည်းနဲ့နွားနဲ့လယ်ထဲယာထဲမှာအလုပ်
လုပ်နေတုန်းပါပဲ။ဒီကောင်ကြီးရှာနေတဲ့ပိုက်ဆံ
တွေကဘယ်သူသုံးမှာလဲ။
သူ့ဦးလေးဦးနေမျိုးသီဟကလည်းရွာကိုသဘောကျနေပြီ။မကြာခဏဆိုသလိုရွာကိုအလည်လိုက်လာတတ်သည်။ရွာရောက်ရင်တောတွေတောင်တွေထဲလေကောင်းလေသန့်ရတယ်၊ရှူခင်းလှတယ်နဲ့တောတွေထဲထိလိုက်လည်သည်။ဘိုးဘိုးဒေါနနဲ့လည်းလေပေးဖြောင့်သည်။
ထနောင်းတို့ခြံထဲကအိမ်ကြီးမှာအောင်သီဟနေခဲ့တဲ့အခန်းကအခုတော့သူ့ဦးလေးအခန်းဖြစ်နေ
ပြီ။ထနောင်းခြံထဲမှာနေရတာပျော်တယ်တဲ့။သူ့
ကုမ္ပဏီကိုလည်းမင်းပဲအမွေယူပါဆိုပြီးအောင်
သီဟဆီအကုန်လွှဲပေးထားသည်။အောင်သီဟမှာသာမြို့ပြေးလိုက်ရွာပြေးလိုက်နဲ့လမ်းကူးကြွက်ဖြစ်နေရသည်။