အခန်း(၁၃)
863 77 2
ဘိုးဘိုးဒေါနနှင့်ဦးနေမျိုးသီဟဘုရားလိုဏ်ဂူထဲရောက်နေသည်။ဦးနေမျိုးသီဟကဂေါ်ကင်းလေးရဲ့လက်နှစ်ဖက်ကိုပူးပြီးဘုရားရှိခိုးသည့်ပုံစံလုပ်
ကာကလေးကိုဦးတော်လုပ်ပေးနေသည်။
အောင်သီဟသူ့ဦးလေးကိုကြည့်ပြီးရင်ထဲတွင်
လှိုက်ခနဲ့ဖြစ်သွားရသည်။သူ့ဦးလေးကသူ့သွေးသားရင်းချာမျိုးဆက်လေးကိုပိုင်ဆိုင်ခွင့်ရသွားလို့စိတ်ချမ်းသာနေသည်။သူကိုယ်တိုင်သူ့ရဲ့တစ်ဦးတည်းသောမြေးလေးကိုလူတစ်လုံးသူတစ်လုံးဖြစ်အောင်ပြုစုပျိုးထောင်ပေးမည့်သဘော
ရှိသည်။ဒါတွေအားလုံးစုလေးရဲ့ကျေးဇူးတွေ
ကြောင့်ပါပဲ။
ဂေါ်ကင်းလေးကသဘောကောင်းသည့်ကလေး
ဖြစ်သည်။တော်တော်နှင့်ငိုခဲသည်။ဗိုက်ဆာတဲ့အခါ၊ရှူးရှူးပေါက်လို့စိုတဲ့အခါတွေမှသာတအင့်အင့်နဲ့အသံထွက်တတ်သည်။
အခုလည်းကလေးကမျက်နှာလေးမဲ့ပြီးအသံပြုလာသည်။ဦးနေမျိုးသီဟကသူ့မြေးနှုတ်ခမ်းပိစိ
လေးကိုလက်ညှိုးနဲ့တို့လိုက်တော့ကလေးက
လက်ညှိုးကိုအငမ်းမရလိုက်ဟပ်နေသည်။
“သြော်…မြေးလေးကဗိုက်ဆာနေတာလား။
တိုက်မှာပေါ့မြေးလေးရဲ့။မြေးလေးကိုချိုချိုတိုက်
မယ်"
ဦးနေမျိုးသီဟက ကလေးကိုချော့ပြီးဘုရားလိုဏ်ဂူထဲကထွက်လာသည်။စေတီရဲ့မြောက်ဘက်နေရောင်ကွယ်ပြီးအရိပ်ကျနေတဲ့နားမှာစုလေးကစေတီကိုကျောမှီပြီးထိုင်ချလိုက်သည်။သူ့ကျောပိုးအိတ်ထဲကအသင့်ဖျော်ထားပြီးသားနို့ဘူးကိုထုတ်ပြီး-
“လေးလေး…သားကိုကျွန်တော့်ဆီပေး"
သားတဲ့…အောင်စုကဂေါ်ကင်းလေးကိုသားလို့
ခေါ်လိုက်တော့အနားမှာရှိနေတဲ့ဘိုးဘိုးဒေါနစိတ်ထဲတစ်မျိုးကြီးဖြစ်သွားရသည်။သူ့စိတ်ထဲမှာသူ့မြေးအောင်စုကိုကလေးလို့ပဲမြင်နေတုန်းပင်။အခုတော့သူ့မြေးက ကလေးမဟုတ်ဘဲကလေးအဖေဖြစ်နေသည်။
မြေးကမွေးထားတာဆိုတော့ဒါလေးကသူ့အတွက်မြစ်ကလေး၊ချောင်းကလေး၊ဧရာဝတီလေး။
ဦးနေမျိုးသီဟကဂေါ်ကင်းလေးကိုစုလေးရဲ့ပေါင်ပေါ်တင်ပေးလိုက်သည်။တင်ပျဉ်ခွေထိုင်နေတဲ့စုလေးရဲ့ပေါင်ပေါ်မှာဂေါ်ကင်းလေးကပက်လက်လေး။နှစ်လတောင်မပြည့်သေးတဲ့ကလေးမို့ဂေါ်ကင်းလေးကခေါင်းမထောင်နိုင်သေးပေ။စုလေးကနို့ဘူးကိုဂေါ်ကင်းလေးရဲ့ပါးစပ်ထဲတေ့ပေးလိုက်သည်နှင့်ကလေးကနို့ဘူးကိုတပြွတ်ပြွတ်နှင့်စုပ်ယူနေတော့သည်။