အခန်း(၃၀)
662 55 3
ထနောင်းကသူ့စကားကိုပြန်ဆက်သည်။
“မင်းဟိုကိစ္စကြားဖူးလား။တချို့သောနေရာတွေမှာလေအပူဇော်ခံထားတဲ့ဓာတ်တော်တွေကနဂိုရှိရင်းစွဲထက်ပွားလာတယ်တို့ရောင်ခြည်တော်
ကွန့်မြူးတယ်တို့ဆိုတာတွေလေ"
“အင်းကြားဖူးတယ်"
“အဲဒီကိစ္စဖြစ်နိုင်တယ်လို့ထင်လား။ဓာတ်တော်ပွားတယ်ဆိုတာ"
“မပြောတတ်ဘူး။နောင်းနောင်းဘယ်လိုထင်လဲ”
“ငါလည်းပဲတွေးကြည့်တာပါ။တချို့ကတမင်လုပ်ကြံထားတာဖြစ်ချင်ဖြစ်မယ်။တချို့ကလည်းအမှန်အကန်ဖြစ်ချင်ဖြစ်မယ်။
ဘုရားရန္တာတို့ရဲ့ဓာတ်တော်တွေကကိုးကွယ်ဆည်းကပ်မဲ့သူမရှိတော့ရင်ပူဇော်ခံရမဲ့နေရာကိုသွားရောက်ပေါင်းစည်းကြတယ်တဲ့။ဒါကြောင့်မို့ဓာတ်တော်တွေအပူဇော်ခံတဲ့နေရာမှာပိုများလာတယ်။ပိုပွားလာတယ်လို့ပြောကြတာ။
အခုလည်းအိန္ဒိယကသာသနာကွယ်သွားတော့ဓာတ်တော်တွေကိုယုံကြည်ကိုးကွယ်ဆည်းကပ်မဲ့သူမရှိတော့ဘူး။ဒီတော့ယုံယုံကြည်ကြည်နဲ့
ကိုးကွယ်ဆည်းကပ်မဲ့မြန်မာပြည်ကိုရောက်ရှိလာဖို့အကြောင်းတရားတွေကသူ့အလိုလိုဖန်
တီးလာတယ်။ဘာသာခြားမင်းကတောင်မြန်မာ
ပြည်ကိုပို့ပေးပါ့မယ်လို့ဖြစ်လာရတယ်။
အဲဒါသာသနာတော်ရဲ့ဘုန်းကံပဲမို့လား။အပူဇော်ခံရမဲ့ဓာတ်သတ္တိတွေကိန်းဝပ်နေတော့သူ့အ
လိုလိုအကြောင်းတရားတွေဖြစ်ပေါ်လာရတယ်။အိပ်မက်ပေးလို့ပဲဖြစ်ဖြစ်၊လူတွေကတစ်စုံတစ်ခု
သောအကြောင်းကြောင့်ရှာဖွေလို့ပဲဖြစ်ဖြစ်တိမ်
မြှုပ်နေရာကနေပြန်ပေါ်လာကြတယ်"
“အင်း…နောင်းနောင်းကဗဟုသုတတွေစုံလိုက်တာ"
“ဗဟုသုတစုံတာကငါမဟုတ်ဘူးဟ။ဆရာမကြီး
လူထုဒေါ်အမာ။ငါကသူရေးထားတဲ့စာအုပ်ကို
ဖတ်ဖူးထားလို့မင်းကိုပြန်ပြောပြနေတာ”
“ဒါပေမဲ့နောင်းနောင်းကခရေစေ့တွင်းကျပြန်
ပြောပြနိုင်တယ်လေ။နောင်းနောင်းပြောရင်ပုံပြင်နားထောင်နေရသလိုပဲ”
“ငါကပုံပြင်ပြောပြတာမဟုတ်ဘူး။တကယ့်အဖြစ်အပျက်တွေကိုပြောပြတာ"