အခန်း(၅၈)🦋
343 30 0
"ဝိုး...နောက်ဆုံးတော့ကိုယ်ကစာပေဟောပြောပွဲကိုရောက်နေတာပါလား"
ဇမ္ဗူ့ ရဲ့မှတ်ချက်စကားကြောင့်ထနောင်းကသူ့
ကိုမျက်မှောင်ကြုံ့လျက်ကြည့်ရင်း-
"မနောက်ပါနဲ့။မင်းကနားထောင်ချင်တယ်ဆို
လို့ငါကပြောပြတာ။မင်းနားညည်းတယ်ဆိုရင်ငါမပြောတော့ဘူး"
"ကိုယ်ကနောက်နေတာမဟုတ်ပါဘူး။အသက်
ရဲ့ကျိုးကြောင်းဆက်စပ်ရှင်းပြတာတွေကသဘာဝကျတယ်။ယုတ္တိရှိတယ်။နားထောင်လို့လည်းကောင်းတယ်။ပြီးတော့လေအသက်..."
"အင်း"
"ကိုယ်ချစ်ရတဲ့သူနဲ့အတူရှိနေခိုက်မှာစကားတွေပြောလို့မကုန်နိုင်ဘူးတဲ့။အဲဒါဟုတ်တယ်။ဘာအကြောင်းပဲဖြစ်ဖြစ်အသက်ပြောတာလေးကိုနားထောင်ချင်တယ်။အသက်ရဲ့အသံလေးကိုကြားချင်တယ်။အသက်ကတော်ရုံဆိုစကားပြောတတ်တဲ့သူမဟုတ်ဘူးလေ။ကိုယ်ကမေးလို့ရှင်း
ပြတဲ့အချိန်ကျမှသာစကားတွေအများကြီးပြောတာ။ကိုယ်ကအဲဒါကိုသဘောကျတယ်။စာဖတ်
ပျင်းတဲ့ကိုယ်ကအသက်ပြောတာတွေနားထောင်ပြီးဗဟုသုတရတယ်။အသက်ကပုံပြောနေသ
လိုပဲ"
"ငါပုံပြောနေတာမဟုတ်ဘူး။ဒါပေမဲ့အခုကစပြီးစာတွေပိုပြီးဖတ်မယ်။စာဖတ်ပျင်းတဲ့မင်းကိုပုံပြင်တွေအများကြီးပြောမယ်။မင်းနားထောင်ရတာ
ငြီးငွေ့သွားတဲ့အထိငါပြောမယ်"
"ဟား...ဟား...ဟား...အသက်ရဲ့အသံလေးကိုနားထောင်ရတာသဘောကျပါတယ်ဆို။ဘယ်
တော့မှငြီးငွေ့သွားမှာမဟုတ်ဘူး။အသက်ကစကားမပြောလို့တောင်ပြောချင်လာအောင်လိုက်
စနရတာ။ကဲပြောပါဦးမြင်စိုင်းခေတ်ကိုပင်းယခေတ်လို့ခေါ်တာလေးဆက်ပြီးတော့ရှင်းပြပါဦး"
"အင်းပါ...ရှင်းပြမှာပါ။ပုဂံပြည်ကြီးအာဏာကျဆင်းသွားတော့ပုဂံဘုရင်ရဲ့လက်အောက်ခံမြို့
စားတွေဖြစ်ကြတဲ့မြင်စိုင်းမင်းညီနောင်သုံးပါး
ကတန်ခိုးထွားလာတယ်။ဒီညီနောင်သုံးပါးက
လည်းနှယ်နှယ်ရရမဟုတ်ဘူး။မြတ်စွာဘုရားရှင်ရဲ့ဗျာဒိတ်တော်စကားကိုရထားကြတဲ့သူတွေ"
"ဟင်...ဗျာဒိတ်စကားကိုရတယ်ဆိုတော့သူတို့ကဘုရားနဲ့ဆုံဖူးလို့လား"