အခန်း(၁၉)
682 64 0
ိမနက်ခင်းတွင်အာရုံဆွမ်းကပ်ရမည်မို့ဖိုးသန်းဝင်းကမနက်လေးနာရီကတည်းကအကုန်လုံးကိုလိုက်နှိုးနေသည်။မထမချင်းအခန်းတံခါးတွေလိုက်ထုနေသဖြင့်ထနောင်းတို့ဘယ်သူမှဆက်အိပ်လို့မရကြ။ထို့ကြောင့်အိပ်ယာကထပြီးရေချိုးကြသည်။
ဇမ္ဗူ ရောထနောင်းရောရေကိုခပ်သွက်သွက်လောင်းချိုးပြီးမြန်မြန်ပဲအဆုံးသတ်ကြသည်။မနက်လေးနာရီဆိုတော့ချမ်းကချမ်းနဲ့ရေကနောက်လားကြည်လားမကြည့်နိုင်ပါဘူး။မြန်မြန်ရေချိုးပြီးမြန်မြန်အဝတ်လဲကြသည်။
ဇမ္ဗူ ကခရီးဆောင်အိတ်ရဲ့အောက်ဆုံးမှာသူထည့်လာခဲ့တဲ့ဆင်တူပုဆိုးလေးနှစ်ထည်ကိုဆွဲထုတ်လိုက်သည်။အသင့်ချုပ်ပြီးသားနီညိုရောင်ယောပုဆိုးလေးနှစ်ထည်။
“အသက်ရော့…ဒါဝတ်"
“မင်းကလည်းဆင်တူကြီးတွေငါမဝတ်ချင်ပါဘူး"
“ဝတ်ပါအသက်ရဲ့။ဆင်တူဝတ်ထားတော့ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့"
“ဘာကိုတုန်း"
“အသက်နဲ့ကိုယ်နဲ့ကသက်ဆိုင်သူတွေဆိုတာလူတွေသိသွားတာပေါ့"
“မသိလည်းဘာမှမဖြစ်ဘူးဟေ့ကောင်"
“ခင်ဗျားမဖြစ်ပေမဲ့ကျုပ်ဖြစ်တယ်ဗျာ။ခင်ဗျားကိုသူများတွေကြည့်တာကျုပ်မကြိုက်ဘူး"
“အားအားယားယားငါ့ဘယ်သူကြည့်မှာတုန်း။သာမန်ရွက်ကြမ်းရေကျိုရုပ်ကိုများ"
“အဲဒီရုပ်ကိုကျုပ်တောင်ကြိုက်တာသူများတွေ
ရောမကြိုက်ဘဲနေမလား"
“မင်းရူးတိုင်းသူများတွေလည်းရူးတယ်မထင်နဲ့။ပူမဲ့ပူကိုယ့်အတွက်ကိုယ်ပူစမ်းပါ"
“ကိုယ့်အတွက်ကမပူပါဘူး။ကိုယ့်ကိုကြည့်ရင်ချောလို့ကြည့်တာမှန်းသိသားပဲ"
အွန်…လိပ်မျိုးကတော့ကိုယ့်ဘက်ကိုယက်နေပြီ။
“အသက်ကိုကြည့်တာကျမခံနိုင်ဘူး"
“ကြံဖန်ပြီးအူတိုမနေနဲ့မြို့သား။ငါ့ကိုဘယ်မိန်းမမှမကြိုက်ဘူး။စိတ်ချ"
“ကိုယ်ကလည်းဘယ်မိန်းမကိုမှအူမတိုဘူးစိတ်
ချ။အခုဟာကဟိုမျက်နှာချင်းဆိုင်အခန်းကကောင်တွေမနေ့ကတည်းကခင်ဗျားကိုမျက်လုံးကျွတ်
ကျမတတ်လိုက်ကြည့်နေလို့ကျုပ်ကစိတ်တိုနေတာ"