အခန်း(၆)
1.1K 99 2
အောင်စုနဲ့အောင်သီဟက ကလေးအဖေနာမည်ခံရုံသပ်သပ်ပဲဖြစ်နေသည်။ကလေးကိုဦးနေမျိုးသီဟကလက်ပေါ်ကမချ။ညဘက်လည်းက
လေးနဲ့အတူအိပ်သည်။နို့ဘူးတိုက်၊ရေချိုး၊အဝတ်လဲ…အစစအရာရာကလေးကိုသူပဲလုပ်ပေးသည်။
သူ့လက်ပေါ်ကချရင်အောင်စုမိဘတွေလက်ထဲ
ရောက်သည်။အဘိုးအဘွားသုံးယောက်လက်
ထဲမှာကလေးကလက်မလည်။အောင်သီဟနဲ့အောင်စုဆီကလေးကရောက်မလာ။
အောင်စုက ကလေးကိုလိုချင်လွန်းလို့သူ့ကိုကြီးကိုအတိုက်အခံလုပ်ပြီးမရမကမွေးနေ့လက်ဆောင်ဆိုပြီးတောင်းယူခဲ့ရတာ။အခုတော့သူလည်းကလေးကိုမထိန်းရ။ကလေးကိုဘာမှလည်းလုပ်မပေးရ။
သူနို့ဖျော်မယ်ဆိုရင်လည်းသူ့အမေကဝင်လုပ်သည်။အဝတ်လဲပေးမယ်ဆိုရင်လည်းလေးလေးကမင်းအသာနေစမ်းပါဆိုပြီးဝင်လုပ်သည်။ကလေးရှူးပေါက်ပြီဆိုရင်လည်းသူ့အဖေကငါလုပ်ပေးမယ်မင်းဖယ်ဆိုပြီးဝင်လုပ်သည်။
အိမ်မှာရှင်ဘုရင်လေးဖြစ်ခဲ့တဲ့အောင်စုက ကလေးရောက်လာတာနဲ့နေရင်းထိုင်ရင်းအပယ်ခံလေးဖြစ်သွားရသည်။တစ်အိမ်လုံးရဲ့ဂရုစိုက်မှုတွေကဂေါ်ကင်းလေးဆီမှာသာစုပုံနေသည်။
အောင်သီဟကစုလေးကိုလက်ဆွဲပြီးအခန်းထဲ
ခေါ်လာခဲ့သည်။
“စုလေးစိတ်မကောင်းဖြစ်နေပြီလား"
“ဘာကိုလဲကိုကြီး"
“လူကြီးတွေက ကလေးကိုပဲဂရုစိုက်နေကြ
တယ်"
“ဒီလိုတွေဖြစ်လာမှာကိုကျွန်တော်ကြိုသိထားပြီးသားပါ"
“ကြိုသိထားပြီးသား"
“ဟုတ်တယ်လေ။ကျွန်တော့်မိဘတွေဆီမှာသား
သမီးဆိုလို့ကျွန်တော်တစ်ယောက်ပဲရှိတာ။တစ်
ယောက်တည်းရှိတဲ့သားကမိန်းမမယူဘဲနဲ့ယောက်ျားယူလိုက်တော့သူတို့ဘဝမှာမြေးမရနိုင်တော့ဘူးလို့ထင်နေကြတာ။
ပြီးတော့လေးလေးရောပဲ။သူကကိုကြီးဆီကမျိုးဆက်ရဖို့ကိုမျှော်လင့်ထားတာ။ဒါပေမဲ့ကိုကြီးကလည်းမိန်းမမယူဘဲယောက်ျားယူခဲ့တယ်။လေး
လေးကကိုကြီးကိုချစ်လို့လက်ခံပေးခဲ့ပေမဲ့လေး
လေးရဲ့စိတ်ကိုကျွန်တော်နားလည်တယ်။