အခန်း(၅၉)🦋
380 28 0
ထနောင်းနဲ့ဇမ္ဗူ စားသောက်ပြီးသွားတော့ဘုရားရင်ပြင်တော်ပေါ်ပြန်လျှောက်ကြသည်။ဇမ္ဗူ ကထနောင်းနဲ့မျက်နှာချင်းဆိုင်ကာနောက်ပြန်လမ်းလျှောက်ရင်း-
“နောက်ဆိုရင်နှစ်ယောက်တည်းပဲခရီးသွား
ရအောင်"
“ဘာလို့လဲ"
“အခုလိုမျိုးအသက်မျက်နှာကိုကြည့်ပြီးအေးအေးဆေးဆေးလေညှင်းခံလမ်းလျှောက်ချင်တယ်။စကားတွေအများကြီးပြောချင်တယ်"
“ပင်းယခေတ်အကြောင်းဆက်ပြောရမှာလား"
“အင်းပြော။ဇာတ်သိမ်းတော့မှာလား”
“သိမ်းကာနီးပြီ။စောစောတုန်းကပြောခဲ့တဲ့ပင်းယဘုရင်ကနန်းစွန့်ပြီးတောထွက်သွားတယ်။သူ့
ရဲ့ညီတော်ငါးစီးရှင်ကျော်စွာကပင်းယမှာဘုရင်
ဖြစ်လာခဲ့တယ်။သူ့ခေတ်ကိုလည်းပင်းယခေတ်လို့ခေါ်တယ်”
“ဒါဆိုမြင်စိုင်းခေတ်ဆိုတာကရှိခဲ့တာလား။မရှိခဲ့တာလား"
“အဲဒါအခုပြောမယ်လေ။ငါးစီးရှင်ကျော်စွာရဲ့လက်ထက်မှာတရုတ်တွေကမြန်မာပြည်ပိုင်နက်ကိုကျူးကျော်လာကြတယ်။ပုဂံခေတ်တုန်းကလည်းကျူးကျော်တာပဲ။အဲဒီလိုတိုင်းတစ်ပါးကရန်သူတွေကျူးကျော်လာတော့ငါးစီးရှင်ကျော်စွာကမြင်စိုင်းမြို့ကနေရန်သူတွေကိုခုခံတိုက်ခိုက်တယ်။
ပင်းယမှာနန်းစိုက်ပေမဲ့မြင်စိုင်းကနေခုခံတယ်
ဆိုတာရန်သူတွေကိုနန်းမြို့တော်အထိအရောက်မခံတဲ့သဘောပဲ။သူကိုယ်တိုင်လည်းမြင်စိုင်း
မြို့တော်မှာပဲနေပြီးစစ်တိုက်တယ်။
ရန်သူကိုရင်ဆိုင်ဖို့သတ္တိမွေးပေးတဲ့အနေနဲ့ကာ
ချင်းကဗျာတွေကိုငါးစီးရှင်ကျော်စွာကိုယ်တိုင်ရေးဖွဲ့ပြီးသီဆိုကပြစေခဲ့တယ်။မြင်စိုင်းမြို့ကနေရန်
သူတွေကိုခုခံတိုက်ခိုက်တာမို့ကာချင်းကဗျာတွေစပ်တဲ့အခါမှာမြင်စိုင်းရွှေပြည်လို့ခေါင်းစဉ်တပ်
ခဲ့တယ်။အဲဒီမြင်စိုင်းရွှေပြည်ကာချင်းကြောင့်မြင်စိုင်းခေတ်ရယ်လို့ထင်ယောင်ထင်မှားဖြစ်ကုန်
ကြတာ။တကယ်တော့သူ့ခေတ်ကပင်းယခေတ်ပါ။
အဲဒီကာချင်းကဗျာတွေကနေဆင့်ပွားပြီးပင်းယ
ခေတ်မှာကာကလို့ခေါ်တဲ့အကပညာတစ်ရပ်လည်းပေါ်လာတယ်။ကာချင်းလို့ခေါ်တဲ့စာပေအမျိုးအစားတစ်ရပ်လည်းပေါ်ပေါက်လာတယ်။ပင်းယခေတ်မှာမြန်မာစာပေယဉ်ကျေးမှုကအဆင့်အတန်းတိုးတက်မြင့်မားလာခဲ့တယ်။