ထနောင်းတို့ညီအကိုတောင်တက်စောင်းတန်းအတိုင်းတရွေ့ရွေ့တက်လာကြသည်။စောင်းတန်းတလျှောက်တွင်တရုတ်စကားပင်တွေကိုတွေ့
ရသည်။တရုတ်စံကားပင်ကသူ့ကြည့်တော့ပျော့ဖတ်ဖတ်နဲ့တော်တော်ဒဏ်ခံတဲ့အပင်ပါ။တောင်
ပေါ်ကကျောက်ကြိုကျောက်ကြားမှာရေလည်းမ
သောက်ရဘဲနဲ့ဖူးပွင့်ဝေဆာကြီးထွားနေကြသည်။တရုတ်စံကားပင်တွေကိုကြည့်ပြီးထနောင်းက-“ငါကျောင်းသားဘဝတုန်းကငါနဲ့မေဂျာတူအမတစ်ယောက်ကပြောတယ်။တရုတ်စံကားပွင့်ကိုအခြောက်လှမ်းပြီးရေနွေးထဲခပ်သောက်ရင်ဆေးဘက်ဝင်တယ်တဲ့။လူကျန်းမာတယ်။အသက်ရှည်တယ်။အဆိပ်အတောက်ပြေတယ်ဆိုတဲ့အချက်တွေသူစာအုပ်ထဲကဖတ်ဖူးတာတွေပြော
ပြတယ်ကွာ။ပြီးတော့သူလည်းရေနွေးထဲခပ်သောက်ချင်လို့တရုတ်စံကားပွင့်လိုချင်တယ်တဲ့။ငါလည်းဖောက်သည်ချလိုက်ပါတယ်။မန္တလေး
တောင်ပေါ်မှာတရုတ်စံကားပင်တွေပေါတယ်
လို့ပြောလိုက်တာ။နောက်တစ်နေ့ကျတော့တောင်ပေါ်ကိုပန်းကောက်သွားမယ်ဆိုပြီးသူငယ်ချင်း
တွေတစ်အုပ်ကြီးနဲ့ချီတက်သွားတယ်။ပြန်လည်းလာရော”“တရုတ်စံကားပွင့်တွေအများကြီးကောက်လာ
ရောလား"“အဲဒီအမကပြောတယ်။တောင်ပေါ်ကတရုတ်
စံကားပင်တွေအကုန်လုံးပိုင်ရှင်ရှိတယ်တဲ့"“ဟမ်"
“ငါတောင်အံ့သြသွားတယ်။တောင်တက်လမ်းတစ်လျှောက်ကအပင်တွေကပိုင်ရှင်တွေရှိတယ်တဲ့။သူတရုတ်စံကားပွင့်ကောက်တာကိုမြင်တော့တောင်ပေါ်မှာအခြေချနေတဲ့လူတွေကအဲဒီအပွင့်တွေမကောက်ရဘူး။သူတို့အပင်တွေလို့
ပြောတယ်တဲ့"“အဲလိုကြီးလား”
“အေးကွာ။တရုတ်စံကားပွင့်ကိုဈေးကောင်းပေး
ပြီးဝယ်တဲ့လူတွေရှိနေတော့တောင်တက်လမ်းတလျှောက်မှာနေတဲ့လူတွေကတစ်ပွင့်ကြွေရင်
တစ်ပွင့်ကောက်ပြီးနေလှမ်းနေကြတော့တာပဲ"ညီအကိုနှစ်ယောက်ပတ်ဝန်းကျင်ကိုလေ့လာရင်းစကားပြောရင်းစိမ်ပြေနပြေတောင်ပေါ်တက်
လာကြတာတောင်ပေါ်ကအကျယ်ပြန့်ဆုံးနေရာကိုရောက်လာသည်။ထိုနေရာကိုပြန့်ကြီးဟုခေါ်သည်။
YOU ARE READING