ထနောင်းအိမ်ပြန်ချင်တာမို့ဇမ္ဗူ့ ကိုဖုန်းဆက်တော့ဇမ္ဗူ့ ဖုန်းကစားပွဲပေါ်ကမြည်နေသည်။အ
စည်းအဝေးခန်းထဲကိုဖုန်းယူမသွားဘူးပဲ။စိုင်းကျော်ဆီဆက်တော့ဖုန်းကစက်ပိတ်ထားသည်။ဒင်းလည်းအစည်းအဝေးခန်းထဲရောက်နေလောက်သည်။ဖားလေးဆီဆက်တော့ကံကောင်းစွာနဲ့ဖုန်းဝင်သွားသည်။"ဟယ်လိုနောင်းနောင်း"
"မင်းအခုဘယ်မှာလဲ"
"မြို့ထဲမှာ"
"ငါ့ကိုလာခေါ်"
"ဗျာ...နောင်းနောင်းဘယ်သွားချင်လို့လဲ"
"ကားဂိတ်ကိုပို့ပေး။ငါလိုင်းကားနဲ့ပြန်မလို့"
"ဟင်ဘာလို့တုန်း။ဘော့စ်နဲ့ရန်ဖြစ်လို့လား"
"မဖြစ်ဘူး။သူအစည်းအဝေးခန်းထဲမှာဖုန်းပါမသွားဘူး။ငါသူနဲ့စကားပြောလို့မရဘူး"
"အဲဒါဆိုအစည်းအဝေးပြီးအောင်စောင့်ပါလားနောင်းနောင်းရယ်။သူမသိဘဲနဲ့ပြန်သွားလို့မကောင်းဘူးလေ"
"မင်းငါ့ကိုပို့မှာလားမပို့ဘူးလား။မင်းမပို့ရင်ငါဆိုင်ကယ် ကယ်ရီငှားပြီးပြန်မှာ"
"ဟင်...မပြန်ပါနဲ့။ပို့ပါ့မယ်။ကျွန်တော်အခုပြန်
လာမယ်လေ။(၁၅)မိနစ်လောက်စောင့်ပေးလေ။မပြန်နှင့်နဲ့နော်။အခုလာမှာအခု...အခု"ဖားလေးကရုံးကိစ္စနဲ့မြို့ထဲရောက်နေရာကချက်ချင်းပြန်လာရသည်။နောင်းနောင်းကလူရိုးလူအေးဆိုပေမဲ့နောင်းနောင်းစိတ်ဆိုးမှာကိုတော့ကြောက်သည်။နောင်းနောင်းတစ်ယောက်တည်းအိမ်
ပြန်လွှတ်လိုက်ရင် ဇမ္ဗူ သိတဲ့အချိန်ဒေါသထွက်
နေမှာကိုပိုပြီးတော့ကြောက်သည်။ဇမ္ဗူ့ ကိုအသိပေးချင်ပေမဲ့သူ့လက်ထဲဖုန်းပါမသွားဘူးဆိုတော့စိုင်းကျော်ဆီဆက်သည်။စက်
ပိတ်ထားသည်တဲ့။စည်းဝေးခန်းထဲမှာဖုန်းတွေ
ပိတ်ထားရတာထုံးစံပဲဟာ။နောင်ကိစ္စနောင်မှရှင်း။အခုလောလောဆယ်ဘာဖြစ်လို့အိမ်ပြန်ချင်
နေမှန်းမသိတဲ့ထနောင်းကိုအရင်ပြန်ပို့ရမည်။🌻
🌻
ဇမ္ဗူ တို့အစည်းအဝေးပွဲကခန့်မှန်းချိန်ထက်ပိုကြာသွားသည်။အားလုံးပြီးဆုံးသွားလို့ရုံးခန်းဆီပြန်
လာတော့နေ့လည်တစ်နာရီတောင်ထိုးတော့မည်။တော်သေးတယ်။ရှေ့ရေးကိုကြို မြင်လို့ထနောင်းကိုရောက်ကတည်းကအစားအသောက်တွေကျွေးမွေးထားတာမှန်သွားသည်။နို့မို့ဆိုရင်ဗိုက်ဆာတာနဲ့ထနောင်းစိတ်တိုနေပေတော့မည်။
YOU ARE READING