အခန်း(၄၅)🐝
423 45 0
ထနောင်းနဲ့ဇမ္ဗူ လိုဏ်ဂူထဲကိုဝင်လာခဲ့ကြသည်။ဂူအမိုးကိုမျက်နှာကျက်တပ်ပြီးကာပေးထားသည်။ဂူထဲတွင်စိမ့်ရေစမ်းရေတွေကမိုးရွာသလိုစီးကျနေသဖြင့်မျက်နှာကျက်အမိုးပေါ်မှာရေကျသံတွေတဗြင်းဗြင်းနဲ့ကြားနေရသည်။
ဂူထဲကိုမဝင်သေးဘဲအပြင်ကနေမော့ကြည့်လိုက်ရင်ဟိုးအထက်မှာရှိတဲ့မိုးကောင်းကင်ပြာပြာ
ကြီးကိုသစ်ပင်တွေကြားမှာကွက်ကွက်လေးလှမ်းမြင်နေရသည်။တောင်ထွတ်သုံးခုကတစ်ခုနဲ့တစ်ခုထိစပ်မနေ။ဖိုခနောင့်လိုဆုံပြီးအလယ်
မှာလွတ်နေသည်။တောင်တွေရဲ့ကြားမှာရှိတဲ့
နက်ရှိုင်းလှတဲ့အောက်ခြေမှာစမ်းချောင်းလေး
တစ်ခုစီးဆင်းနေသည်။သပိတ်ဆေးချောင်းဟု
ခေါ်သည်။
ကပိုင်ကနေအလောင်းတော်ကဿပအထိ
(၂၁)မိုင်ဝေးသည်။ဒီကြားထဲမှာဖြတ်သန်းခဲ့တဲ့
တောင်ကြောတစ်လျှောက်လုံးရေလုံးဝမမြင်ရပေ။ချောင်းမကြီးဆိုတဲ့နေရာကိုရောက်မှရေကိုစ
တွေ့ရသည်။ချောင်းမကြီးကနေစပြီးလမ်းမှာစမ်းချောင်းလေးတွေကိုမကြာခဏဖြတ်သန်းရသည်။ထိုစမ်းချောင်းလေးတွေကအလောင်းတော်
ကဿပဂူရှိတဲ့တောင်သုံးလုံးဆုံရာကနေစီးလာတဲ့စမ်းရေတွေဖြစ်သည်။
စမ်းချောင်းလေးတွေကတောင်ကြောပေါ်မှာကွေ့ကွေ့ကောက်ကောက်နဲ့စီးနေတော့စမ်းချောင်းတစ်ခုတည်းကိုအကြိမ်ကြိမ်ဖြတ်သန်းနေရပုံပေါ်သည်။
အလောင်းတော်ကဿပဘေးမဲ့တောကြီးကတောတောင်လျိုမြောင်ချောက်ကမ်းပါးတွေနဲ့အရမ်းကိုသာယာလှပပါသည်။ဆင်ကြီးတွေစီးပြီးခရီးသွားနေကြတာကတော့သူ့ရဲ့ထူးခြားချက်တစ်ခုလို့ပြောရပေမည်။ဒီလိုဝေးလံခေါင်ဖျားလှသည့်နေရာမှာလူတွေဒီလောက်အများကြီးစုဝေးနေလိမ့်မည်ဟုထင်တောင်မထင်ခဲ့မိပေ။ဒီနေရာမှာကဿပကိုယ်တော်ကြီးရဲ့ရုပ်ကလာပ်တော်
သာရှိမနေဘူးဆိုရင်ဒီလိုတောကြီးမျက်မည်းထဲကိုမည်သူမှတကူးတကလာမည်မဟုတ်ပေ။
ထနောင်းတို့လိုဏ်ဂူထဲကနေပြန်ထွက်လာခဲ့ကြသည်။လိုဏ်ဂူရှိရာဂူထဲကနေပြန်တက်လာကြတော့ဖိနပ်ချွတ်ခဲ့သည့်ဆိုင်လေးရှေ့မှာဘုရားဖူးတွေစုဝေးနေကြတာကိုတွေ့ရသည်။