အခန်း(၄၆)🐝
341 42 1
ထနောင်းတို့စီးလာတဲ့ဆင်ရဲ့ဆင်ဦးစီးကအရမ်းကိုသဘောကောင်းသည်။သူ့ဆင်ကြီးကအသက်ကြီးနေလို့လူသုံးယောက်ပဲတင်မယ်လို့ပြော
ပြီးမှထနောင်းတို့နဲ့အတူခတ္တာလေးပါပါနေတော့ကလေးအပါအဝင်လေးယောက်တင်လာခဲ့သည်။
ဆင်ကြီးကလူလေးယောက်ကိုအသာလေးတင်နိုင်ပေမဲ့ဆင်ဦးစီးကတော့ဆင်ကြီးကိုညှာတာရှာသည်။ဆင်ပေါ်မှာလူများနေလို့သူကဆင်ပေါ်မတက်ဘဲဆင်ရဲ့ဘေးကနေခြေကျင်လိုက်လာသည်။ဆင်ကြီးကလည်းလိမ္မာ၊ဆင်ဦးစီးကလည်းသဘောကောင်းတော့ထနောင်းတို့သဘောကျသွားသည်။
သစ်လုံးအိမ်စခန်းကိုရောက်တော့ဆင်ကြီးက
လင့်စင်အောက်ကိုခေါင်းထိုးပေးသည်။ထနောင်းတို့ကိုဆင်းတော့လို့ပြောလိုက်တာနဲ့အတူတူပါပဲ။ဇမ္ဗူ ကဆင်ကြီးကိုသဘောကျလို့ဆင်ဦးစီးကိုပြောလိုက်သည်။“အဖေတို့ကိုစီးခိုင်းချင်လို့သူများနဲ့လိုက်မသွားပါနဲ့"လို့ပြောပြီးကားကွင်းမှာကျန်ခဲ့တဲ့သူ့အဖေနဲ့အောင်စုအဖေကိုပြေးခေါ်သည်။
ဆင်ဦးစီးကတခြားဘုရားဖူးတွေဆင်လာငှားတာကိုမလိုက်ဘဲငှားထားတဲ့လူရှိတယ်ဆိုပြီးဦးထက်ရှားတို့ကိုစောင့်နေသည်။ထနောင်းတို့ကလည်းလင့်စင်ပေါ်မှာငုတ်တုတ်ထိုင်ပြီးဆင်ကြီးကိုသူများမငှားအောင်စောင့်ကြည့်နေကြသည်။
ဇမ္ဗူ ကကားစောင့်ရင်းကျန်ခဲ့တဲ့အဖေနှစ်ယောက်ကို“ဆင်ငှားပြီးပြီ။မြန်မြန်သွားမယ်"ဆိုပြီးကားနဲ့တင်ခေါ်လာခဲ့သည်။သစ်လုံးအိမ်စခန်းကိုရောက်တော့အဖေနှစ်ယောက်ကိုဆင်ပေါ်
တင်ပြီးတောင်ပေါ်ကိုဘုရားဖူးလွှတ်လိုက်သည်။ထို့နောက်ထနောင်းတို့ကိုကားပေါ်တင်ပြီးကားရပ်နားကွင်းဆီပြန်လာခဲ့သည်။ကားရပ်နားကွင်းကိုရောက်တော့ဇမ္ဗူ့ ကားရပ်ခဲ့တဲ့နေရာကိုသူများကားကဝင်ရပ်သွားသည်။
ဇမ္ဗူ ကကားရပ်စရာနေရာပျောက်သွားတော့နေရာလိုက်ရှာရင်းသစ်ပင်ကြီးတစ်ပင်အောက်ကို
ဝင်ရပ်လိုက်သည်။ကားရပ်လိုက်တဲ့အချိန်မှာကားအောက်ကမီးခိုးတွေထွက်နေလို့ဇမ္ဗူ ကားကိုနောက်ပြန်ဆုတ်လိုက်သည်။သူကားရပ်လိုက်တဲ့နေရာကအမှိုက်ပုံမီးရှို့ထားတဲ့နေရာဖြစ်
နေသည်။အမှိုက်ပုံကမီးမသေသေးဘဲတငွေ့
ငွေ့နဲ့လောင်နေသည်။