အခန်း(၃၇)🐝
571 57 7
ထနောင်းနဲ့ဇမ္ဗူ ကိုကြီးသာအောင်တို့တောတွင်
ဆီးသီးကူဆွတ်ပေးရင်းနေမွန်းတည့်ချိန်ရောက်
သွားသည်။ကိုကြီးသာအောင်ကဆီးပန်းသီးတွေကိုပီနန်အိတ်ကြီးထဲထည့်နေသည်။မူဆယ်ပို့မဲ့အသီးတွေကဂျပ်ဖာတွေနဲ့ထည့်တာဆိုတော့ဒီအိတ်ကြီးထဲထည့်နေတာကထနောင်းတို့ကိုပေးဖို့ဆိုတာသေချာသည်။ထနောင်းက-
“ကိုကြီးသာအောင်တော်တော့များနေပြီ"
“အိုကွာ…မင်းတို့ဘုရားဖူးသွားမဲ့အဖွဲ့ကလူငါးဆယ်တစ်ရာရှိတယ်။များများသယ်သွားတော့
ဝယလင်လင်စားရတာပေါ့"
“တော်သင့်ရုံပေါ့ကိုကြီးသာအောင်ရ"
“အေးပါကွ"
တော်သင့်ရုံလို့ပြောနေတာတောင်ကိုကြီးသာအောင်ထည့်ပေးလိုက်တဲ့ဆီးသီးတွေကတောင်းနဲ့ခြင်ကြည့်ရင်တစ်တင်းလောက်ရှိပေမည်။ကို
ကြီးသာအောင်ကဆီးသီးအိတ်ကြီးကိုသူကိုယ်
တိုင်ထမ်းပြီးဆိုင်ကယ်နားထိလိုက်ပို့သည်။ထ
နောင်းနဲ့ဇမ္ဗူ ဆိုင်ကယ်ပေါ်တက်လိုက်ကြသည်။ဆီးသီးအိတ်ကြီးကိုဆိုင်ကယ်ရှေ့လက်ကိုင်
ကြားတွင်ချပြီးခြေထောက်နဲ့ခွကာသယ်လာသည်။အိမ်ပြန်တော့ထနောင်းကဆီးသီးအိတ်ကြီးကိုချပြီး-
“မင်းနေခဲ့တော့။ငါအရီးလှတို့ဘဲခြံသွားဦးမယ်"
“လိုက်ခဲ့မှာ"
မြို့သားကောင်နဲ့နေရတာလည်းတောက်တဲ့ကို
ကျောပိုးထားရသလိုပဲ။ခွာမရလို့သွားလေရာခေါ်ရသည်။လမ်းတွင်ဇမ္ဗူ က-
“ဘဲခြံဘာသွားလုပ်မှာလဲ"
“ဘဲဥဝယ်မလို့လေ။ငါတို့ခရီးထွက်ရင်ပြုတ်သွားရမယ်။ထမင်းနဲ့စားဖို့"
“ကြက်ဥရောမဝယ်ဘူးလား"
“ကြက်ခြံမရှိဘူး"
“သြော်"
ရတာဝယ်ရတဲ့သဘောပဲ။အရီးလှတို့ဘဲခြံကိုနှစ်
ယောက်သားရောက်သွားခဲ့ကြသည်။မျက်စိတစ်ဆုံးလယ်ကွင်းပြင်တွေကြားမှာအုန်းပင်တွေပတ်ခြာဝိုင်းနေသည့်ခြံကြီးတစ်ခြံ။ဖြတ်သွားဖြတ်
လာတောသွားရင်းမြင်ဖူးပေမဲ့ခြံထဲကိုတော့ဇမ္ဗူ အခုမှရောက်ဖူးသည်။အုန်းပင်တွေကြည့်ရတာပင်လယ်ကမ်းခြေရောက်နေသလိုပဲ။လယ်ကွင်း
ပြင်တွေကိုဖြတ်တိုက်လာသည့်လေကအေးမြလွန်းသည်။