အခန်း(၁၆)
794 67 3
ခြင်္သေ့ကြီးနှစ်ကောင်ကြားကအုတ်လှေကားထစ်တွေဆုံးသွားသည့်အခါဧရာဝတီမြစ်ကမ်းစပ်သို့ရောက်သွားသည်။ထနောင်းတို့ကမြစ်ကမ်းစပ်ရှိအုတ်ခုံတွင်ထိုင်ရင်းမြစ်ရေပြင်အလှကိုကြည့်ကြသည်။
ဧရာဝတီမြစ်ပြင်ကျယ်ကြီးကိုငေးကြည့်ရင်းမင်းကွန်းခြင်္သေ့ကြီးနဲ့အမတ်ကြီးဦးပေါ်ဦးအကြောင်းကိုဤနေရာတွင်အကြောင်းတိုက်ဆိုင်သဖြင့်ထနောင်းတွေးမိသည်။မင်းကွန်းအကြောင်းကို
ပြောမည်ဆိုလျှင်မင်းကွန်းကိုနာမည်တစ်လုံးတွင်စေခဲ့သည့်ကုသိုလ်ရှင်ဘိုးတော်ဦးဝိုင်းအ
ကြောင်းကမပါမဖြစ်ပါရပေမည်။
(ကိုယ်သိထားပြီးသား၊မထူးဆန်းတဲ့အကြောင်းအရာတစ်ခုကိုလာပြောရင်ဘိုးတော်ဘုရားလက်ထက်ကဟာတွေ၊ဘိုးတော်ဘုရားလေးဘက်
သွားတုန်းကဟာတွေဆိုပြီးလူတွေဘန်းစကား
ပြောပြောနေတဲ့ဘိုးတော်ဘုရားဆိုတာဘိုးတော်ဦးဝိုင်းကိုပြောတာပါ။ရှေးကျနေပြီလို့ဆိုလိုတာ)
ပုထိုးတော်ကြီး၏ကုသိုလ်ရှင်ဘိုးတော်ဦးဝိုင်းက
ခြင်္သေ့ကြီးနှစ်ကောင်တည်ဆောက်ပြီးသောအခါခြင်္သေ့ကြီးများကိုလာရောက်ရှုစားတော်မူသည်။အမတ်ကြီးဦးပေါ်ဦးလည်းနောက်တော်ပါး
မှလိုက်ပါလာသည်။
ဘိုးတော်ဦးဝိုင်းကခြင်္သေ့ကြီးများကိုရှုစားပြီးသောအခါမင်းကွန်းခေါင်းလောင်းတော်ကြီးကို
နန်းတော်ကျွန်းဘက်မှမင်းကွန်းဘက်သို့ဖောင်
တော်နှင့်ယူဆောင်ဆိုက်ထားရာဆီသို့ကြွရောက်ရှုစားတော်မူသည်။ထိုအချိန်တွင်ဦးပေါ်ဦးက
ြုခင်္သေ့ကြီးနှစ်ကောင်ဘက်သို့ပြန်လှည့်သွားသည်။ဘိုးတော်ဦးဝိုင်းက-
“မောင်မင်းများ…ပေါ်ဦးဆိုတဲ့ကောင်ငါ့ခြင်္သေ့ရုပ်ကြီးတွေဘက်ကိုထွက်သွားတယ်။ခြင်္သေ့ကြီးတွေကိုဘာများကဲ့ရဲ့မလို့လဲမသိဘူး။ဒီကောင်ပေါ်ဦးပါးစပ်ကထွက်သမျှကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေငါ့ပြည်တော်တွင်းမှာသူဆိုတိုင်းစကားဖြစ်လေတယ်။သို့မို့ကြောင့်ပေါ်ဦးဘာပြောမလဲသိရအောင်တိတ်တဆိတ်လိုက်တော်မူမယ်”
ဟုမိန့်တော်မူသည်။ထို့နောက်ဘိုးတော်ဦးဝိုင်းကခြင်္သေ့ကြီးကိုကွယ်လျက်ရပ်တန့်ပြီးပေါ်ဦးစကားကိုချောင်းနားထောင်နေသည်။အမတ်ကြီးဦးပေါ်ဦးကသူ၏အဆောင်ကိုင်သားများနှင့်အတူခြင်္သေ့ကြီးနှစ်ကောင်ကြားတွင်ထိုင်၍ခြင်္သေ့
ကြီးနှစ်စီးကိုသေသေချာချာကြည့်သည်။