အခန်း(၆၂)🦋
1K 54 5
ထနောင်းနဲ့ဇမ္ဗူ ကလေးကိုခေါ်ပြီးအိမ်ပြန်ရောက်လာကြသည်။ရန်ကုန်မှာနေတဲ့ကြီးထွေးလည်းရွာကသတင်းတွေကြားပြီးရွာကိုချက်ချင်းပြန်လာသည်။
ခတ္တာလေးရဲ့အဖေမြင့်မိုရ်ကကျန်းမာရေးကောင်းမွန်လာပြီမို့သူ့သားကိုသူကိုယ်တိုင်ပဲစောင့်ရှောက်တော့မယ်ဆိုပြီးခတ္တာလေးကိုသူနဲ့အတူခေါ်ထားလိုက်သည်။
ကြီးထွေးကအသက်ငါးဆယ်အရွယ်ထိအပျို ကြီးဘဝနဲ့နေလာခဲ့တာမို့တူ၊တူမတွေကိုခင်တွယ်သည်။ခတ္တာလေးမရှိတော့မငယ်လေး ကလေးကို
စောင့်ရှောက်ပေးဖို့သူတာဝန်ယူပေတော့မည်။
ကြီးထွေးရွာပြန်ရောက်တော့မငယ်လေးရဲ့အမွှာကလေးတွေကိုသွားတွေ့သည်။မိဘနှစ်ပါးလုံးဆုံးသွားတာမို့ကလေးအမွှာနှစ်ယောက်ကိုသူမွေးစားချင်ပါတယ်လို့ပြောတော့ဦးထက်ရှားကလည်းသဘောတူသည်။ကြီးထွေးညောင်အုပ်ရွာက
နေပြန်လာတော့သုံးနှစ်အရွယ်အမွှာမောင်နှမ
နှစ်ယောက်ပါလာသည်။
ဦးထက်ရှားဘက်ကကြည့်ရင်သူ့ဘဝကချမ်းသာတာထက်ကိုပိုနေပြီ။သူရှာဖွေခဲ့တဲ့စည်းစိမ်တွေကနောင်ဘဝထိတောင်စားလို့မကုန်နိုင်ပေ။ဒီတော့သူချစ်ရတဲ့အထွေးလေးရဲ့ဆွေမျိုးတွေကိုကျွေးမွေးစောင့်ရှောက်ဖို့သူမတွန့်တိုပေ။သူကိုယ်
တိုင်လည်းရွာကအမျိုးတွေနဲ့နေပျော်နေပြီဖြစ်တဲ့အပြင်မိသားစုအသိုက်အမြုံလေးတစ်ခုကိုတည်
ဆောက်ချင်နေတာမို့အမွှာကလေးနှစ်ယောက်
ကိုမွေးစားဖို့ရာစိတ်အားထက်သန်ခဲ့သည်။သို့သော်အသက်အရွယ်ကကွာခြားလွန်းနေသည်။
ဦးထက်ရှားကအသက်(၆၀)။ကြီးထွေးကအသက်(၅၀)။အမွှာကလေးတွေကအသက်(၃)နှစ်။သားသမီးအရွယ်မဟုတ်ဘဲမြေးမြစ်အရွယ်တွေ
ဖြစ်နေသည်။ဒီတော့ထနောင်းနဲ့ဇမ္ဗူ ကအလိုလို
နေရင်းမိဘနေရာကိုရောက်ပြီးကြီးထွေးနဲ့ဦးထက်ရှားကအဘိုးအဘွားနေရာရောက်သွားသည်။အခုတော့ထနောင်းတို့သပြေခြံထဲကအိမ်ကြီးကငြိမ်သက်တိတ်ဆိတ်မနေတော့ဘဲစည်ကားသိုက်မြိုက်နေသည်။
ဇမ္ဗူ အလုပ်နားရက်တစ်ရက်မှာဧည့်ခန်းထဲကဆက်တီမှာထိုင်ရင်းသူ့ရှေ့ကမြင်ကွင်းကိုကြည့်နေသည်။အမွှာသားနဲ့သမီးကမတ်တပ်ပြေးတွေမို့ဧည့်ခန်းထဲမှာလျှောက်ပတ်ပြေးနေသည်။ထနောင်းကတော့အငယ်ဆုံးသားလေးကိုပွေ့ချီပြီးနို့ဘူးတိုက်နေသည်။
🎉 You've finished reading တောင်တိုင်းမှာကားပတ္တမြားမရှိ...တောင်တိုင်းမှာကားပတ္တမြားမရှိ(completed) 🎉