အခန်း(၅၀)🐝
493 47 1
ဘိုးဘိုးဒေါနကချောင်းကမ်းစပ်တစ်လျှောက်မှာလမ်းလျှောက်နေသလိုတခြားလူတွေကလည်း
ချောင်းကမ်းစပ်တစ်လျှောက်တွင်လမ်းလျှောက်
ကြရင်းဒေသန္တရဗဟုသုတရှာနေကြသည်။
ဇမ္ဗူ ကချောင်းရဲ့တစ်ဖက်ကမ်းပေါ်တက်သွားရာကနေပြန်ဆင်းလာပြီးထနောင်းတို့ဆီကိုသတင်းလာပေးသည်။“ချောင်းကမ်းပါးရဲ့ဟိုဘက်ကမ်းမှာဆင်တစ်ကောင်ကိုသံကြိုးနဲ့ချည်ထားတယ်”
တဲ့။
ကားကွင်းမှာရှိတဲ့ဆင်တွေကသံကြိုးမပါဘဲနဲ့
လူတွေကြားမှာသွားလာနေကြသည်။သံကြိုး
ချည်ထားရင်တော့သေချာပေါက်ဆင်ရိုင်းပဲဖြစ်
မည်ဟုထနောင်းတွေးလိုက်မိသည်။
ထနောင်းတို့အဖွဲ့ထမင်းစားပြီးလို့ချောင်းရေထဲ
ပန်းကန်ဆေးနေတဲ့အချိန်မှာဆင်ထိန်းတွေကဆင်တစ်ကောင်ကိုချောင်းကမ်းပါးဆီခေါ်လာ
ကြသည်။ဆင်ခြေထောက်မှာသံကြိုးတန်းလန်းနဲ့ဆိုတော့ဇမ္ဗူ ပြောတဲ့ဆင်ပဲဖြစ်လိမ့်မည်။တ
ကယ်လည်းဟုတ်သည်။အဲဒီဆင်ပဲဖြစ်သည်။
ဆင်ကအစွယ်မထွက်သေးပေ။သူတို့ကတော့ငါးနှစ်သားလို့ပြောကြသည်။ဆင်ကအရိုင်းဆိုတော့လူစီးမခံသေးသဖြင့်လေ့ကျင့်ပေးနေကြခြင်းဖြစ်သည်။ဆင်ဦးကင်းပေါ်မှာလူတစ်ယောက်
ထိုင်နေပြီးဆင်ရှေ့ကလူတစ်ယောက်၊ဆင်နောက်ကလူတစ်ယောက်ဆင်ကိုထိန်းပေးနေကြသည်။
ထနောင်းတို့ကချောင်းရဲ့အနောက်ဘက်ကမ်းမှာရှိပြီးဆင်ကချောင်းရဲ့အရှေ့ဘက်ကမ်းမှာရှိ
နေသည်။ဆင်ကချောင်းကိုဖြတ်ပြီးကိုယ့်ဆီပြေးလာရင်ဘယ်လိုလုပ်မလဲဟုထနောင်းတွေး
ကြောက်နေမိသည်။ဆင်ကထနောင်းတို့ရှိတဲ့နေရာကိုကျော်သွားတော့မှစိတ်သက်သာရာရသွားသည်။ထနောင်းတို့နဲ့ခပ်လှမ်းလှမ်းမှာကားတွေ
ချောင်းရေထဲဖြတ်ပြီးမောင်းတဲ့နေရာတစ်ခုရှိသည်။အဲဒီနေရာကိုရောက်တော့ဆင်နောက်ကလိုက်လာတဲ့လူကဆက်မလိုက်တော့ဘဲရပ်နေခဲ့
သည်။
ဇမ္ဗူ နဲ့ဖိုးသန်းဝင်းကကားတွေဖြတ်မောင်းတဲ့နေရာရဲ့ဟိုဘက်ခြမ်းကိုရောက်နေကြသည်။သူတို့
ကချောင်းကမ်းပါးမှာပေါက်နေတဲ့အပင်တွေ
ကြားမှာကြောင်လျှာသီးပင်တစ်ပင်ကိုတွေ့လို့
ကြောင်လျှာသီးခူးရင်ဘယ်လိုခူးရမလဲဆိုပြီးအ
ပင်ပေါ်တက်ဖို့လမ်းကြောင်းရှာနေကြသည်။
ကြောင်လျှာသီးတွေကလည်းတွဲလောင်းတွေသီးနေသည်။သူတို့နောက်ကဆင်လာနေတာ
ကိုမမြင်ကြပေ။