အခန်း(၁၀)
1K 88 6
ထနောင်းတို့အဖွဲ့သားတွေကဘုရားဆီကိုတစ်
ပြိုင်တည်းလာနေကြတာမဟုတ်ဘဲအနီးအနားရှိဈေးဆိုင်များတွင်ဝေ့နေကြပြီးမှတဖြည်းဖြည်း
ချင်းလာနေကြသည်။
ဈေးသည်တွေရွေးထားသည့်ခေါင်းဖြူ ဖြူ နဲ့ဦးလေးကြီးကဘိုးဘိုးဒေါနဖြစ်ပြီး၊ပုဆိုးအပြာကွက်
လေးနဲ့ဆိုတာက ကလေးချီထားသည့်ဦးနေမျိုးသီဟဖြစ်သည်။
သူတို့နှစ်ဦးဘုရားပေါ်သို့တက်လာတော့သူတို့
ကိုဦးထားသည့်ဈေးသည်နှစ်ယောက်ကအမွှေးတိုင်ထုပ်တွေလိုက်ရောင်းပါတော့သည်။ဦးနေမျိုးသီဟကမန္တလေးသားမို့သူ့တူအောင်သီဟလိုမျိုးအထူးအဆန်းဖြစ်မနေ။သူနဲ့ဘိုးဘိုးဒေါနကဈေးသည်တွေကျေနပ်သွားအောင်အမွှေးတိုင်တစ်
ထုပ်စီဝယ်ပေးလိုက်ကြသည်။ဈေးသည်တွေကဘုရားခြေရင်းပြန်ဆင်းသွားပြီးဖောက်သည်အသစ်တွေဦးနေကြပြန်သည်။
“ဟိုမှာဆိုင်ကယ်တစ်စင်းလာနေတယ်ဟေ့"ဟုတစ်ယောက်ကအော်လိုက်သည်နှင့်တခြားတစ်ယောက်ကလည်း“ငါ့ဟာဟေ့”ဟုအော်လိုက်
သည်ကိုကြားရလေသည်။
သြော်…သူတို့ဘဝနဲ့သူတို့တော့ပျော်ရွှင်ရယ်မောနေကြတာပဲ။ကိုယ့်ဘဝကိုယ်ကျေနပ်လွန်းလို့တော့ဘယ်ဟုတ်မလဲ။ဘဝကိုအရှုံးပေးလို့မှမဖြစ်တာ။ဒီလိုပဲပျော်အောင်နေကြရတာပေါ့။
သက်ပိုင်ကကားနောက်ခန်းအဖုံးကိုဖွင့်ပြီးဝှီးချဲကိုချသည်။ဝှီးချဲအဆင်သင့်ဖြစ်သွားတဲ့အချိန်မှာအာကာကကားထဲကမြင့်မိုရ်ကိုပွေ့ချီပြီးဝှီးချဲပေါ်တင်ပေးသည်။သက်ပိုင်ကဝှီးချဲကိုစေတီတော်၏
ခြေရင်းထိတွန်းလာခဲ့သည်။
အနီးအနားကလူတွေကအထူးအဆန်းဖြစ်ပြီးဝိုင်းကြည့်နေကြသည်။သပြေတန်းရွာကလူတွေကတော့မထူးဆန်းတော့တာမို့ဝိုင်းအုံကြည့်မနေကြတော့ပေမဲ့အာကာနဲ့မြင့်မိုရ်တို့အနားမှာဝိုင်းရံနေကြသည်။လိုအပ်ရင်လူရောဝှီးချဲပါဝိုင်းမပေးကြဖို့ရာအဆင်သင့်ပဲ။
ရွာကလူတွေရဲ့နွေးထွေးပျူ ငှာတဲ့ဂရုစိုက်မှုတွေ
ကြားမှာမြင့်မိုရ်လည်းပျော်ရွှင်နေပါပြီ။ဦးထက်
ရှားကသူ့မြေးလေးခတ္တာကိုလက်ဆွဲပြီးမြင့်မိုရ်
တို့ရှေ့ကနေဖြေးဖြေးချင်းပဲသွားနေသည်။ဘုရားပေါ်တက်မဲ့နေရာရောက်တော့ရပ်ပြီးစောင့်သည်။