တောင်တက်လမ်းတစ်ဝက်ကိုရောက်တော့ဇမ္ဗူ က-
“အသက်မောတယ်။ခဏနားရအောင်”
“ဘိုးဘိုးဒေါနဆိုရင်ဒီတောင်ပေါ်ကိုခဏခဏ
တက်တယ်။သူတက်တိုင်းတောက်လျှောက်တက်တာ။ဘယ်နားမှမနားဘူး”“တောင်တက်ရတာမောကမောနဲ့ဘိုးဘိုးကဘာလို့ခဏခဏတက်တာလဲ”
“တောင်တက်ရင်ကျန်းမာတယ်လေကွာ။သွေးလည်ပတ်မှုကောင်းတယ်။သက်လုံကောင်းတယ်။အမောလည်းခံနိုင်လာတယ်။လေကောင်းလေသန့်ရှူရတော့အဆုတ်လည်းအားကောင်းတယ်”
ထနောင်းကဇမ္ဗူ့ ကိုအလိုလိုက်ပြီးစောင်းတန်း
ဘေးအုတ်ခုံပေါ်မှာခဏထိုင်နားသည်။ဇမ္ဗူ က
သူ့လက်ထဲအိတ်နဲ့ဆွဲလာတဲ့ကြက်ကင်နဲ့အအေးဘူးတွေကိုပြပြီး-“စားတော့မလား"
“တောင်ပေါ်ရောက်မှစားမယ်"
“အဲဒါဆိုရေသောက်"
ဇမ္ဗူ ကရေသန့်ဘူးကိုဖွင့်ပေးတော့ထနောင်းက-
“မောနေတာကမင်းမဟုတ်ဘူးလား”
“အဟီး…ကိုယ်လည်းသောက်မှာပေါ့။အသက်အရင်သောက်လိုက်"
ထနောင်းကရေဘူးကိုယူပြီးတစ်ငုံမော့သောက်လိုက်သည်။သူသောက်ပြီးမှဇမ္ဗူ ကသောက်
သည်။နှစ်ယောက်သားအမောဖြေရင်းတောင်လတ်ကနေရှူခင်းတွေကိုကြည့်ကြသည်။သူတို့ရောက်နေသည့်နေရာကတောင်ပေါ်တက်သည့်လမ်းခုလတ်နေရာမို့တောင်လတ်ဟုခေါ်တွင်သည့်နေရာဖြစ်သည်။ဇမ္ဗူ က-“မန္တလေးတောင်တက်တုန်းကဒီလောက်မမောသလိုပဲ"
“ကျောက်ဆည်တောင်ကမန္တလေးတောင်ထက်
ပိုမြင့်တယ်။ပြီးတော့တောင်တက်လမ်းကပိုပြီးတော့မတ်စောက်တယ်။ဒါကြောင့်မို့မင်းမောနေတာ”“သြော်"
နှစ်ယောက်သားတောင်စောင်းတစ်လျှောက်ကရှူခင်းတွေကိုကြည့်ကြတော့မိုးတွင်းကာလမို့ထင်ပါရဲ့။တောင်ကြောကြီးတစ်ခုလုံးစိမ်းစိုနေပြီးတောပန်းတောင်ပန်းတွေပွင့်နေသည်။တောင်တက်လမ်းတစ်လျှောက်တွင်ကျောက်တုံးလုံးချော
ကြီးတွေကိုအများအပြားတွေ့ရသည်။ကျောက်
တုံးကြီးတွေကမဲနက်ချောပြောင်နေပြီးဆင်ကြီး
တွေဝပ်နေသလိုမျိုးထင်ရသည်။
YOU ARE READING