အခန်း(၉)
963 88 3
ညနေသုံးနာရီခွဲတွင်တိ-နိကျောင်းမှဘုရားဖူးပို့
ပေးမည့်ကားရောက်လာသည်။ကားကဒိုင်နာကားကြီးဖြစ်သည်။ယောက်ျားလေးတွေကကား
ခေါင်မိုးပေါ်တက်ကြသည်။လူစုံလျှင်ထနောင်းတို့အဖွဲ့ဘုရားဖူးထွက်လာခဲ့ကြသည်။ဒိုင်နာကားကြီးနောက်တွင်ရွာကပါလာသည့်ကားသုံးစီးကအတန်းလိုက်ကြီးပါလာသည်။
မကြာမီမင်းကွန်းမြေမှနာမည်ကျော်မြသိန်းတန်
ဘုရားသို့ရောက်ရှိလာကြသည်။အောင်စုကကားပေါ်မှဆင်းရင်း-
"အမွှေးတိုင်သည်တွေနဲ့ရန်ဖြစ်ရတော့မယ်"
အောင်သီဟကသူ့စကားကိုနားမလည်။
"ဘာလို့လဲစုလေး"
"မဝယ်ချင်တာကိုဇွတ်ရောင်းတယ်လေ"
"သြော်"
အောင်စုပြောတာလည်းမမှားပေ။ဘုရား၏အောက်ခြေလှေကားရင်းတွင်အမွှေးတိုင်၊ဖယောင်းတိုင်နှင့်ပန်းကုံးများကိုရောင်းချနေသည့်အမျိုးသမီးများ၊ကလေးများကိုတွေ့ရသည်။
(ယခင်ကထိုနေရာတွင်ကျောင်းနေအရွယ်က
လေးများကဘုရားသမိုင်းပြောပြပြီးပိုက်ဆံတောင်းကြသည်။ဘုရားဖူးများအနှောင့်အယှက်ဖြစ်
လောက်အောင်နောက်ကတကောက်ကောက်
လိုက်ကြသည်။ယခုထိုကလေးတွေမရှိကြတော့ပေ)
ထနောင်းတို့ကားရပ်လိုက်သည့်သစ်ပင်ကြီး၏
ပင်စည်တွင်စာကပ်ထားသည်။"ပိုက်ဆံပေးခြင်း
ဖြင့်ကလေးများ၏စာရိတ္တကိုမဖျက်ဆီးပါနှင့်"
ဟုရေးထားသည်။
အောင်စုကနေရာတကာရှေ့ကရောက်တတ်သူမို့အောင်သီဟလက်ကိုဆွဲပြီးဘုရားပေါ်သို့အရင်ဆုံးတက်သွားသည်။ဈေးသည်တွေကအမွှေးတိုင်ဝယ်ဦးမလားဟုမေးသည်။အောင်စုကမဝယ်ဘူးဟုခပ်ပြတ်ပြတ်ပြောပြီးဈေးသည်တွေကို
ကျော်တက်လာခဲ့သည်။သို့သော်ဘုရားပေါ်သို့
ဆက်မတက်သေးဘဲအောက်ဆုံးအဆင့်မှာပင်
ရပ်၍နောက်ကလိုက်လာမည့်လူအုပ်ကိုစောင့်
နေလိုက်သည်။
သူတို့နှစ်ယောက်ရပ်နေသည့်နေရာကစေတီ
တော်ကြီး၏ရေလှိုင်းအတွန့်သဏ္ဌာန်ပစ္စယံ(၇)
ဆင့်မှပထမပစ္စယံဖြစ်သည်။မင်းကွန်းမြေအ
ကြောင်းရေးထားသည့်စာအုပ်ထဲတွင်"ဤစေတီတော်ကြီးကိုတာဝတိံသာနတ်ပြည်၏ပုံစံကိုယူ၍တည်ဆောက်ထားခြင်းဖြစ်သည်"ဟုဖော်
ပြထားသည်။ထို့ကြောင့်စေတီပုံစံကထူးခြားဆန်းကျယ်ပြီးမြန်မာပြည်အရပ်ရပ်ရှိမည်သည့်ဘုရားနှင့်မှမတူဘဲတမူထူးခြားနေသည်။