အခန်း(၅)
1.1K 97 5
မနေခြည်နှင့်အဉ္စလီတို့မီးဖွားချိန်တွင်အောင်သီဟနဲ့အောင်စုဘန်ကောက်ကိုလိုက်သွားကြသည်။မနေခြည်ကအောင်စုရဲ့ကိုယ်ဝန်ကိုဆောင်
ပေးခဲ့ပြီးသမီးလေးမွေးသည်။အဉ္ဇလီကတော့အောင်သီဟရဲ့ကိုယ်ဝန်ကိုဆောင်ပေးခဲ့ပြီးသား
ယောက်ျားလေးမွေးသည်။ကလေးအသက်တစ်
လသားအရွယ်ထိမွေးမိခင်တွေနဲ့အတူတူထား
မယ်လို့ဆုံးဖြတ်ပြီးအောင်စုနဲ့အောင်သီဟရွာပြန်လာခဲ့ကြသည်။
တစ်လကြာပြီးနောက်မနေခြည်တို့အတွဲမြန်မာ
ပြည်ကိုပြန်လာကြသည်။အောင်သီဟကလေဆိပ်အထိသွားကြို ပြီးသူ့သားကိုအိမ်ခေါ်လာခဲ့သည်။ရွာမှာရှိတဲ့ယ္ခောမကြီးအိမ်ကကျယ်ဝန်း
လှသည်။ဘိုးဘိုးဒေါနအလှူတုန်းကထမင်းရုံတောင်လုပ်ခဲ့သေးသည်။
ယောက္ခမကြီးကိုကလေးယူတော့မဲ့အကြောင်း
ဖွင့်ပြောတုန်းကအိမ်မှာလူဦးရေတိုးတော့မှာမို့
အိမ်အသစ်ဆောက်ပါရစေလို့ခွင့်တောင်းပြီးအိမ်ဝိုင်းထဲမှာနောက်ထပ်တိုက်တစ်လုံးထပ်ဆောက်လိုက်သည်။အသစ်ဆောက်လိုက်တဲ့အိမ်ကမဆိုစလောက်လေးကြီးကျယ်ခမ်းနားသွားလို့နဂို
ရှိရင်းစွဲနှစ်ထပ်တိုက်ကသေးသေးနုပ်နုပ်လေးဖြစ်သွားခဲ့ရသည်။
တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ဦးလေးဦးနေမျိုးသီဟကရွာမှာနေရတာသဘောကျနေပြီမို့အိမ်
အသစ်ဆောက်ပြီးတာနဲ့ရွာမှာခေါ်ထားလိုက်သည်။အခုတော့ရွာကအိမ်မှာနှစ်အိမ့်တစ်အိမ်ပေါင်းပြီးစည်ကားချက်။ဦးလေးအိမ်ကအစေခံတွေလည်းအိမ်စောင့်ပဲချန်ပြီးအကုန်ရွာလိုက်လာကြသည်။
အောင်သီဟကလေးသွားခေါ်ပြီးပြန်ရောက်
လာတော့လော်စပီကာတပ်ပြီးဗျို့ဟစ်စရာမလို။တစ်ဆင့်စကားနဲ့တစ်ရွာလုံးကြားသည်။နဂိုကတည်းကမှနောင်းနောင်းနဲ့အောင်စုတို့ညီအကိုကယောက်ျားလေးချင်းလက်ထပ်ထားလို့တစ်
ရွာလုံးစိတ်ဝင်စားခံရတဲ့အတွဲနှစ်တွဲ။
အခုအောင်စုတို့အတွဲကအငှားကိုယ်ဝန်နဲ့ကလေးယူခဲ့တယ်ဆိုတော့တစ်ရွာလုံးကအမျိုးတွေအဆွေတွေကလေးလာကြည့်ကြတာတရုန်းရုန်းနဲ့ပါပဲ။
ထနောင်းနဲ့ဇမ္ဗူ လည်းကလေးလာကြည့်ကြသည်။ထနောင်းက ကလေးကိုမြင်မြင်ချင်းမှတ်ချက်
ပြုသည်