အခန်း(၃၃)
634 63 5
ထနောင်းကပုံပြောတဲ့နေရာမှာဆရာကျသလိုဇမ္ဗူ ကလည်းစပ်စုတဲ့နေရာမှာဆရာကျသည်။သူသိချင်တာကိုစစ်စစ်ပေါက်ပေါက်မေးသည်။
“မင်းတုန်းမင်းကြီးကဒီနေရာမှာမြို့တော်အသစ်ကိုတည်တယ်ဆိုတော့ဒီနေရာမှာမြို့မတည်ခင်ကသူကဘယ်မှာနေတာလဲ။မြို့တော်ဟောင်းကဘယ်မှာရှိတာလဲ”
“အမရပူရလေ"
“အမရပူရဆိုတာတောင်မြို့ကိုပြောတာမဟုတ်လား"
“အင်း"
“အဲဒီမှာဦးပိန်တံတားရှိတယ်လေ"
“ဟုတ်တယ်။မင်းတုန်းမင်းကြီးနန်းတော်အသစ်ကိုပြောင်းတော့နန်းတော်အဟောင်းကိုဖျက်တယ်။ရှင်ဘုရင်နေခဲ့တဲ့နန်းတော်ဟောင်းကနန်းတော်တိုင်တွေကိုလူနေအိမ်ဆောက်ပေးဖို့ကမဖြစ်ဘူး။ဘုန်းကံနိမ့်မယ်လို့ယူဆတယ်။ဘုန်းကြီး
ကျောင်းဆောက်ပေးဖို့ကျတော့လည်းနန်းတော်
ကျအိမ်တိုင်တွေဖြစ်နေလို့မသင့်တော်ပြန်ဘူး။ဒီတော့မြို့စာရေးမောင်ပိန်ကတောင်သမန်အင်းကိုဖြတ်ပြီးနန်းတော်တိုင်တွေနဲ့တံတားဆောက်
လိုက်တာဦးပိန်တံတားဖြစ်သွားတယ်"
“ဝိုး…နောက်ခံရာဇဝင်ကမိုက်တယ်ဟ"
ထနောင်းပြောပြတာကိုဇမ္ဗူ ကတက်တက်ကြွကြွနဲ့ကိုနားထောင်နေသည်။သူကသူများတွေထက်ပိုပြီးသဘောကျနေပုံပင်။
“ဒါနဲ့နေပါဦးအသက်ရယ်…အမရပူရကိုဘာလို့တောင်မြို့လို့ခေါ်တာလဲ။အဲဒီနားမှာတောင်လည်းတစ်လုံးမှမရှိဘဲနဲ့"
“တောင်ရှိလို့တောင်မြို့ခေါ်တာမျိုးမဟုတ်ပါဘူး။မန္တလေးမြို့ရဲ့တောင်ဘက်မှာရှိလို့တောင်ဘက်
ကမြို့၊တောင်မြို့လို့ခေါ်တာပါ"
“ဒါဆိုအရှေ့ဘက်မှာရှိရင်တော့အရှေ့မြို့လို့ခေါ်မှာလား"
“ဟင့်အင်း။အရှေ့ဘက်ကဟာကိုနန်းရှေ့လို့
ခေါ်တယ်"
“နန်းတော်ရဲ့အရှေ့ဘက်မှာရှိလို့လား"
“အင်း"
“အဲဒါဆိုနန်းတော်ရဲ့မြောက်ဘက်ကျနန်းမြောက်လို့ခေါ်တာလား"
“အဲဒါကမြောက်ပြင်"
“ဟင်…ခေါ်ပုံတွေကဆန်းတယ်နော်"