[၈]လေတစ်ချက်အဝှေ့|ေလတစ္ခ်က္အေဝွ႕

6K 1K 9
                                    

"တစ္ဆေဖြတ်သန်းမှု၊ သေဆုံးသွားခဲ့သောရုပ်ကြွင်းများက ယင်နှင့်ယန်ကိုခွဲခြားထားကာ တစ်ခုတည်းသောမှန်မှော်တံခါးပွင့်လာပြီး မှောင်မိုက်သောမီးအိမ်က ငိုကြွေးမြည်တမ်းပေလိမ့်မည်။"

........................................................................

ဤသူဖုန်းစားအိုကြီးဟာ သွမ့်ဟောင်ရန်၏အယောင်ဆောင်ပုံစံဖြစ်နိုင်သည်။ သို့သော် သူတစ်ခုခုကိုသေချာပေါက်သိနေသည်။

တစ်ဖက်လူကသတင်းပေးသွားပြီဆိုမှတော့ သူဖိတ်ကြားခံရသည်ကိုစိတ်မရှိပေ။

နေကျသွားသော် သူတစ္ဆေခြောက်စံအိမ်ကြီးကို တစ်ဖန်ပြန်လာခဲ့သည်။

ရှောင်ကျန်းသည်ရင်းနျဥ်အားအဝေးသို့ယာယီပို့ထားလိုက်ပြီး သူမကိုယ်၌ကတော့ခေါက်ဆွဲဆိုင်တွင်ကူညီပေးနေသဖြင့် သူမအိမ်ပြန်မလာပေ။ ဤအခိုက်အတန့်တွင် စံအိမ်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ယင်စွမ်းအားတို့လွှမ်းခြုံနေပေသည်။ ဤကား တစ္ဆေခြောက်သောစံအိမ်ကြီးအစစ်အမှန်ဖြစ်၏။

ရှုလင်ကျားနံရံမှခုန်ကျော်မသွားတော့ဘဲ ဂိတ်တံခါးဝဆီတည့်တည့်မတ်မတ်လျှောက်သွားကာ သားရေဖြင့်လုပ်ထားသောအရုပ်ကိုပစ်လိုက်ရာ "ဖောက်"ခနဲမြည်သံကိုသာကြားလိုက်ရပြီး သားရေ၏အပိုင်းအစငယ်လေးမှာ တံခါး၏အလည်ဗဟိုထံထိုးစိုက်သွားချေသည်။

ရှုလင်ကျားမျက်ခုံးပင့်ကာ ရွတ်ဖတ်လိုက်သည်။
"စိတ်အစွဲက တစ္ဆေဂိတ်တံခါးဝမှတဆင့်ဖြတ်သွားပြီး သေဆုံးသွားခဲ့သောရုပ်ကြွင်းများက ယင်နှင့်ယန်ကိုခွဲခြားထားသည်။ တစ်ခုတည်းသောမှန်မှော်တံခါးပွင့်လာပြီး မှောင်မိုက်သောမီးအိမ်က ငိုကြွေးမြည်တမ်းပေလိမ့်မည်။"

သူ့စကားလုံးများနောက်မှလိုက်၍ တံခါးနှစ်ချပ်ကျွီခနဲပွင့်သွားကာ အစေခံအမျိုးသမီးတစ်ဦးအတွင်းမှထွက်လာပြီး အပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။
"သခင်ပြန်လာပြီပဲ။ သခင်မနဲ့သခင်လေးက ညစာစားဖို့သခင့်ကိုစောင့်နေကြတယ်ရှင့်။"

ရှုလင်ကျားအနောက်မှအသံတစ်သံထွက်လာသည်။
"အင်း၊ အထဲဝင်ကြတာပေါ့။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now