[၇၂] ဖုန့်လီယန်ဟွာ|ဖုန့္လီယန္ဟြာ

2.2K 412 7
                                    

!unicode!

သျယ်ဟွေ့၏ငယ်သားများမှာသူ့အမိန့်ကိုနာခံခြင်းမရှိ၊ လှုပ်ပင်မလှုပ်ကြပေ။ သို့သော် ချီရှင်းခေါ်လာသည့်အစောင့်များကတော့ဖြင့်ဒီရေပမာတဟုန်ထိုးပြေးလာကြပြီး မိစ္ဆာစွမ်းအင်မှာချက်ချင်းပင်နေရာအနှံ့လွှမ်းခြုံသွားတော့သည်။

တိုက်ခိုက်မှုအတွင်းတွင် ယင်းချန်ကဓားမြှောက်၍တိုက်ခိုက်မှုတို့ကိုပိတ်ပင်နေပေမဲ့ ရှုလင်ကျား၏ပုံရိပ်မှာဓားအရိပ်များကိုတမဟုတ်ချင်းထိုးဖောက်ဖြတ်ကျော်သွားကာ ပုံရိပ်ယောင်ပမာလျင်မြန်စွာလှုပ်ရှားသွားချေသည်။

ချီရှင်းသည်သူ့ပတ်လည်တွင်အာမေဋိတ်သံများကြားလိုက်ရပြီး တစ်ယောက်ကသူ့ကိုသတိထားဖို့ပြောလာကာ တစ်ယောက်ကသူ့ကိုမြန်မြန်ပုန်းရန်ပြောလာပေမဲ့ တစ်ဖက်လူ၏လှုပ်ရှားမှုများမှာအလွန်မြန်ဆန်လွန်းလှသဖြင့် သူ့မှာပုန်း၍တုံ့ပြန်ဖို့ရာအချိန်ပင်မရလိုက်ဘဲ တောက်ပသောဓားဖျားကသူ့မျက်နှာထက်ရောက်လာသည်။

မည်သူ့တွင်မျှကူညီပေးရန်အချိန်မရလိုက်ပေ၊ ချီရှင်းအရဲစွန့်၍ဓားထုတ်ကာတားဆီးလိုက်ပေမဲ့ နောက်တစ်ခဏတွင် သူ့လက်ထဲရှိဓားမှာပစ်ထုတ်ခံလိုက်ရပြီး ထို့နောက်သူ့လည်တိုင်ထက်တွင်သူ့နှလုံးသားအောက်ခြေထိထိုးဖောက်ဝင်ရောက်လာသည့်အေးစိမ့်မှုကိုခံစားလိုက်ရသည်။

လေထုကားအေးခဲသွားသယောင်၊ ချီရှင်းမျက်လုံးပင့်ကြည့်လိုက်ရာ ရှုလင်ကျား၏အေးစက်စက်မျက်ဝန်းတစ်စုံကိုမြင်လိုက်ရသည်။

သျယ်ဟွေ့ကပြောလာသည်။
"မလုပ်နဲ့!"

ခုနကထိုအစောင့်များဟာချီရှင်းကိုကာကွယ်ဖို့ရန်သွားလိုက်ပေမဲ့ ရှုလင်ကျား၏ဝတ်ရုံကိုပင်မထိလိုက်ရဘဲ တစ်ဖက်လူကချီရှင်းကိုဖမ်းသွားပြီး လှုပ်ရှားမှုတစ်ခုလုံးမှာတုံ့ပြန်ဖို့အလွန်နောက်ကျသွားလေပြီ။

သျယ်ဟွေ့၏အော်ငေါက်မှုကိုကြားလိုက်ရသော် သူတို့ချက်ချင်းရပ်တန့်လိုက်ကြသည်။ လူတိုင်းမှာအပြန်အလှန်တုန်လှုပ်စွာကြည့်မိကြသည်။ ရှုလင်ကျားကိုကြောက်နေမိရင်းဖြင့် သူတို့ရင်ထဲတွင်မေးခွန်းတစ်ခုလျှပ်တပြက်ပေါ်လာသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now