[၁၀၆] ရွှမ်ထျန်းပိုင်ရယ်|႐ႊမ္ထ်န္းပိုင္ရယ္

2.1K 378 0
                                    

!unicode!

ရှုလင်ကျား၏လှုပ်ရမ်းနေသောအမြှီးကြီးအေးခဲသွားကာ လက်ဖဝါးမြှောက်၍သူ့ကိုကုတ်ခြစ်လိုက်သည်။

ကျင်းဖေးထုန်မရှောင်ဘဲ ရှုလင်ကျား၏လက်ဖဝါးလေးကိုဆုပ်ကိုင်ကာလှုပ်ခါလျက်မနေနိုင်ဘဲရယ်မောမိသည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ကိုယ့်အမှားပါကွာ၊ အမွှေးတစ်ပင်မှမလျော့ဘူးနော်...တကယ်ပြောတာ။ ပူလို့ကျွတ်သွားတာပုံမှန်ဘဲမဟုတ်ဘူးလား။"

ရှုလင်ကျားသတိပေးလိုက်သည်။
"ကျွန်တော်အမွှေးပြောင်ပြောင်မပြောင်ပြောင်ကိစ္စမရှိဘူး၊ ဒါပေမဲ့ကျွန်တော့်အမေဒါကိုမကြားစေနဲ့။ ကျွန်တော်အမွှေးဆီမလိမ်းချင်ဘူး၊ ကျွန်တော့်မှာယောက်ျားပီသမှုလုံးဝမရှိတော့ဘဲနေမယ်။"

ကျင်းဖေးထုန်ခေါင်းငြိမ့်ပြကာ စိတ်အားထက်သန်စွာပြောလိုက်သည်။
"အဲ့ဒီ့နေ့ရောက်လာရင် ကိုယ်မင်းကိုကာကွယ်ပေးမှာပါ။"

ရှုလင်ကျားနှာမှုတ်လိုက်ပြီးနောက် ပတ်ပတ်လည်ဝေ့ဝဲကြည့်ကာမေးမိသည်။
"ဟယ်ဇီကျိုးဒီမှာမရှိဘူးလား။ သူတို့ဝေးဝေးရောက်သွားတာကြာပြီလို့ပြောတယ်၊ ဘယ်လိုလုပ်ပြီးပြန်လှည့်လာနိုင်မှာလဲ၊ ရှစ်ရှုန်းအဲ့ဒီ့ကျင့်ကြံသူတွေကိုဝန်းရံပြီးတော့ သူတို့ပြန်လာအောင်တွန်းအားပေးဖို့တကယ်လူလွှတ်လိုက်တာလား။"

ကျင်းဖေးထုန်ကခေါင်းခါကာဆိုသည်။
"ဟင့်အင်း။"

သူကမြေခွေးလေးကိုလက်မောင်းထဲထည့်လျက်သားဖြင့် ခြေနှစ်လှမ်းလှမ်းကာဆန့်ကျင်ဘက်အခြမ်းကိုညွှန်ပြလိုက်သည်။
"ကြည့်လိုက်။"

ထိုအရာကားသိပ်မကြာသေးခင်ကရှုလင်ကျားနှင့်အခြားသူတို့ထွက်လာခဲ့ကြသည့်ချောက်နက်ဖြစ်သည်။ ယခုမူ မြူခိုးမှာကြည်စင်သွားပြီဖြစ်ရာ ၎င်းမှာထိုမျှထူးခြားဆန်းကြယ်ကာကြောက်မက်ဖွယ်မကောင်းတော့။

ချောက်နက်ပတ်လည်၌ဖြန့်ကျက်ကာပုန်းကွယ်နေသည့်လူအနည်းစုမှာလင်ရှောင်းဂိုဏ်းသားဝတ်ရုံများဝတ်ထားသည်ကိုရေးတေးတေးမြင်နေရသည်။

ရှုလင်ကျားခပ်တိုးတိုးပြောမိသည်။
"သူတို့အောက်ဆင်းသွားတာလား။ သူတို့ဘာဆင်းလုပ်တာလဲ။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now