[၁၀၀] ယွီယွီဟွားဝှိုင်|ယြီယြီဟြားဝွိုင္

2.1K 397 1
                                    

!unicode!

ရှုလင်ကျားသည်ကျင်းဖေးထုန်၏လက်မောင်းများထဲခုန်ဝင်ကာ သူ့ခါးကိုတင်းကြပ်စွာဖက်၍ သူ့ခေါင်းကိုကျင်းဖေးထုန်၏ပုခုံးထဲတွင်နှစ်ထားလိုက်၏။

ရင်းနှီးသောပွေ့ဖက်မှုနှင့်ရင်းနှီးသောအသက်ရှုသံကသူ့ကိုလွတ်လပ်သောလူငယ်ဘဝတစ်လျှောက်လုံးအဖော်ပြုပေးနေခဲ့သည်။

ထိုရက်များထဲတွင် နွေဦးရှိညမိုး၊ နွေရာသီအလယ်ခေါင်တွင်ပုစဥ်းရင်ကွဲများတေးသီဆိုနေခြင်း၊ ဆောင်းဦးရာသီမှာလေပြည်များတိုက်ခတ်လို့နေပြီး ဆောင်းရာသီရှိနှင်းထဲမှာမက်မွန်ပွင့်လွှာများပွင့်လန်းနေပုံ။

သူတို့သည်သေရည်သောက်ရင်း အနောက်ဘက်ပင်လယ်ပြင်ထဲရှိမိစ္ဆာနဂါး၊ အရှေ့ဘက်တောင်ထွတ်ရှိစိတိဝိညာဥ်ငှက်နှင့်အသစ်ရလာသည့်ဓားရှည်အကြောင်းပြောဖြစ်ကြပြီး ညလယ်ခေါင်ဖယောင်းတိုင်အောက်တွင် သူတို့ကခေါင်းချင်းကပ်လဲလျောင်းကာ သူတို့နှစ်ဦးမှဖြစ်တည်လာသည့်တဖျတ်ဖျတ်လှုပ်ခါနေသောအရိပ်တို့ကိုကြည့်ဖြစ်ကြသည်။ လရောင်ထဲတွင် နွေးထွေးသောရနံ့ကလေထဲမှာမျောလွင့်လို့နေသည်။

ပျော်ရွှင်သောနေ့ရက်ရှည်ကြီးအပြီးမှာ အိပ်မက်ထဲမှနိုးထလာပြီး ဒီအချိန်ရောက်မှသာ ဗလာကျင်းနေသည့်နှလုံးသားတစ်ခုလုံးမှာနောက်ဆုံးတွင်အလုံးစုံပြည့်ဝသွားပုံပင်။

ရှုလင်ကျားတိတ်တိတ်လေးမျက်လုံးမှိတ်ထားမိသည်။ တကယ်တော့ သူကျင်းဖေးထုန်ကိုဤကဲ့သို့လွတ်လပ်သောနှလုံးသားနှင့်ပွေ့ဖက်ခဲ့သည်မှာအလွန်ကြာမြင့်ခဲ့ပြီဖြစ်သည်။

အတိတ်ကိုပြန်မမှတ်မိခင် သူတို့နှစ်ဦးကြားရှိဆက်ဆံရေးမှာအပြန်အလှန်လက်ခံခဲ့ကြပြီး သူတို့ကြားတွင်ပွေ့ဖက်မှုနှင့်အနမ်းများမကုန်သွားခဲ့ပေမဲ့ အချစ်နှင့်အချစ်မဟုတ်သည့်စကားလုံးများကိုတော့ဖြင့်ဘယ်တုန်းကမျှမဆိုခဲ့ကြမိပေ။

အဓိကအကြောင်းရင်းမှာရှုလင်ကျားထုတ်မပြောခဲ့သည့်အပြင် ကျင်းဖေးထုန်ကလည်းသူ၏အမြင်ကိုထုတ်ပြောရန်ဖိအားပေးခဲ့ခြင်းမရှိပေ။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now