[၇၅] ပေါင်ယွဲ့လျိုလီ|ေပါင္ယြဲ႕လ်ိဳလီ

2.2K 401 2
                                    

!unicode!

ရှုလင်ကျားဒီတစ်ခေါက်ဘာမှမပြောဘဲ ကျင်းဖေးထုန်၏ခွန်အားအလိုက် အိပ်ရာခေါင်းရင်းတွင်ထိုင်ကာ တစ်အောင့်ကြုသော်ပြောလိုက်သည်။
"ခင်ဗျားလိမ်ပြောနေတာလားကျွန်တော်မသိတော့ဘူး။ ခင်ဗျားရဲ့မိစ္ဆာကတကယ်ပဲကျွန်တော်ဆိုရင် ဘာလို့များပိုကောင်းမလာရတာလဲ။"

ကျင်းဖေးထုန်ခေါင်းခါကာ ခပ်ဖွဖွပြုံး၍ပြောမိသည်။
"ကိုယ်မင်းကိုဘယ်တော့မှမလိမ်ဘူးလို့ကိုယ်ကျိန်ဆိုထားတယ်လေ။"

ရှုလင်ကျားခေါင်းငုံ့ကာ သူ့ကိုကြည့်မိသည်။

ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ့်အထင် အခွင့်အရေးတချို့လိုလောက်တယ်။ အရင်ကဖြစ်ပျက်ခဲ့တာတွေကိုကိုယ်မမှတ်မိတော့ မိစ္ဆာအတွင်းစိတ်ရဲ့ရင်းမြစ်ကိုကိုယ်မရှင်းပြနိုင်လို့ ကိုယ်ရှင်းထုတ်ပစ်လို့မရဖြစ်နေတာ။ ဒါပေမဲ့ ကိုယ်မင်းကိုမြင်လိုက်ရပြီးနောက်ပိုင်းမှာ တော်တော်လေးသက်သာသွားခဲ့တယ်။ စိတ်မပူပါနဲ့၊ အရာအားလုံးအဆင်ပြေသွားမှာပါ။"

ပြောလို့ပြီးသွားသော် သူကပြုံးကာရှုလင်ကျားကိုမျက်တောင်ခတ်ပြလာသည်။
"ဒါပေမဲ့မင်းကိစ္စအကြောင်းမပြောပြလို့ရှိရင်တော့ ကိုယ်စိတ်အပူလွန်ပြီးသေသွားတော့မယ်။"

ရှုလင်ကျားမှာသူ့ထံမှလက်အကိုင်ခံထားရပြီး အကျိုးအမြတ်ရယူဖို့ကြိုးစားမိပေမဲ့ အဆုံးတွင်မရလာခဲ့ပေ။ သူသက်ပြင်းချကာပြောမိသည်။
"အင်းပါ၊ ပြောရမှာအရှည်ကြီးပဲ။ ဒီတော့ ခင်ဗျားနားထောင်ရငြီးငွေ့လာလို့ရှိရင် သွားအိပ်လို့ရတယ်နော်။"

သူသည်ချင်းချိုးတွင်ရောက်နေစဥ်က ဂိုဏ်းဒုက္ခရောက်နေပြီဟူသည့်သတင်းကိုရရှိခဲ့သည့်အကြောင်းစတင်ပြောပြလိုက်ပြီး ခုနကကျင့်ကြံနေစဥ်မြင်ခဲ့ရသည့်အရာအပါအဝင် အခုမိစ္ဆာမျိုးနွယ်စုထဲတွင်ရှိနေရသည့်အကြောင်းရင်းကိုပြောပြလိုက်၏။

ကျင်းဖေးထုန်မသိလိုက်မသိဘာသာညည်းတွားမိသည်။

ရှုလင်ကျားပြောလိုက်သည်။
"ရှစ်ရှုန်း၊ ကျွန်တော်အဲ့ဒီ့လျို့ဝှက်နယ်ပယ်ထဲဝင်သွားကတည်းက အရာအားလုံးကအရမ်းထူးဆန်းနေတာကိုတကယ်ကြီးခံစားခဲ့ရတာ။ အရင်တုန်းက ကျွန်တော်မွေးလာပြီးသိပ်မကြာခင်မှာ ရှစ်စွင်းကကျွန်တော့်ကိုလင်ရှောင်းတောင်ထွတ်ဆီခေါ်သွားတာလို့ကျွန်တော်အမြဲထင်နေခဲ့တာ။ ကျွန်တော်လုံးဝမထင်ထားမိတာက လွန်ခဲ့တဲ့အချိန်တွေတုန်းကအများကြီးတွေ့ကြုံခဲ့ရပြီးတော့ အဲ့ဒါတွေကလည်းအရမ်းရှုပ်ထွေးနေမယ်လို့လေ။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now