4.5K 854 69
"သူကရှုလင်ကျားကိုရွှေ့ပြောင်းဖို့ကြိုးစားခဲ့တာကြောင့်၊ သူကမသုံးမဝင်တာကြောင့်မို့ ဟယ်ဇီကျိုးကသူ့ကိုတိုက်ရိုက်သတ်ပစ်ချင်နေတာလား။"
.....
ယင်းချန်ဒါကိုပြောလိုက်ပြီးသော်၊ ၎င်းကမလုံလောက်သေးဘဲ သူထပ်ပေါင်းပြောလိုက်သည်။
"သူကရိသခင်လေးအစားလက်စားချေပေးတာလို့ပဲဆက်တိုက်ပြောနေတာ၊ ဒါကြောင့်မို့ရှုရှစ်ရှုန်းကကြောက်သွားတာ၊ ဒါပေမဲ့ကျန်းရှစ်တိမှာနက်ရှိုင်းတဲ့အတွေးတွေရှိတယ်လို့ ဒီတပည့်ခံစားမိတယ်၊ ဟမ့်၊ ကြည့်ရတာတော့အဲ့လိုဖြစ်ပုံမပေါ်ဘူး။ ပျင်းစရာကောင်းတဲ့လူပဲ။"
ကျန်းရွေ့သည်ယင်းချန်ကိုတကယ်မုန်းတီးသည်၊ တစ်ဖက်လူကသူ့ကိုမုန်းတီးစက်ဆုပ်ကာအထင်သေးရုံတင်သာမက၊ သူ့ရှေ့မှာပင် မျက်နှာပေါ်တွင်ရွံရှာမှုကိုဆင်မြန်းထားလေ့ရှိသည်။ ယင်းကားလူတွေကိုအလွန်အမင်းနိုင်ထက်စီးနင်းပြုမူနေသည်ပင်။
သူသည်ကြိမ်ဖန်များစွာစကားပြောဖို့ကြိုးစားပေမဲ့ ယင်းချန်ကိုကြားဝင်မနှောင့်ယှက်နိုင်ပေ။ သူအရမ်းစိတ်ပူကာ ဟယ်ဇီကျိုးကိုတိတ်တိတ်လေးကြည့်လိုက်မိသည်။ တစ်ဖက်လူ၏မျက်နှာထားကြောင့် သူထိတ်လန့်သွားရကာ ချက်ချင်းဒူးထောက်ချလိုက်သည်။
ယင်းချန်ကားအရာရာတိုင်းကိုရှင်းလင်းစွာလုပ်သွားကာ သူ့ကိုငြင်းဆန်ရန်နေရာမချန်ရစ်ထားပေ။
ကျန်းရွေ့ပြောမိသည်။
"ရှစ်စွင်း၊ တပည့်၊ တပည့်မဟုတ်....."
ဟယ်ဇီကျိုးကလက်မြှောက်ကာသူ့ကိုနှောင့်ယှက်လာပြီး ယင်းချန်ကိုပြောလိုက်သည်။
"ဒီကိစ္စကိုငါကိုင်တွယ်လိုက်မယ်၊ ချန်အာ၊ မင်းအရင်အပြင်ထွက်နှင့်ချည်။"
ယင်းချန်ကမသွားပေ။
"ရှစ်စွင်း၊ ဒီကိစ္စကဖြေရှင်းရလွယ်တယ်လို့တပည့်ထင်တယ်။ ကျန်းရွေ့ကအကျင့်စရိုက်မကောင်းတာမို့ သူ့စွမ်းရည်တွေကိုရှင်းထုတ်ပြီးတော့ ရှစ်စွင်းရဲ့ဂိုဏ်းကနေထုတ်ပယ်ခံရသင့်တယ်။ တကယ်တော့ သူတားမြစ်နယ်မြေထဲကိုကျူးကျော်ခဲ့ကတည်းက ရှစ်စွင်းဒါကိုလုပ်ခဲ့သင့်တာ။ ဘာလို့များမိသားစုပုံစံဖမ်းနေရသေးတာလဲ။"
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now