[၉၄] ယွင်ရှန်းစစ်ရွှီ|ယြင္ရွန္းစစ္႐ႊီ

2.1K 360 2
                                    

!unicode!

ရှုလင်ကျားကဟယ်ဇီကျိုးကိုနက်နဲစွာတစ်ချက်ကြည့်လိုက်မိသည်။

သူကားသံယောဇဥ်ကိုတန်ဖိုးထားသော်လည်း သူဟာမပြတ်သားသောလူစားမဟုတ်ပေ။ သူကတစ်ဖက်လူကိုရှင်းလင်းစွာမြင်ပြီးသွားသည်နှင့် သူဟာထပ်မံငြိတွယ်လိမ့်မည်မဟုတ်။

ယခုမူ တရားမျှတမှုအလံအောက်၌ ဟယ်ဇီကျိုးကလူအများအပြားခေါ်လာကာ သူတို့နောက်အသည်းအသန်လိုက်ဖမ်းနေပေမဲ့ သူလုပ်ခဲ့သည့်မကောင်းမှုလုပ်ရပ်များကိုတော့ဖြင့်တစ်ခွန်းမျှမဟခဲ့ပေ။ သူဟာအရင်ကအတိုင်းရွံစရာကောင်းနေဆဲ။

ဤခံစားချက်ကသူ့ကိုဝမ်းနည်းသွားစေသည်။ ရှုလင်ကျားမှာဟယ်ဇီကျိုးနှင့်အဆက်အဆံထပ်မလုပ်ချင်တော့သဖြင့် တစ်ဖက်လူ၏မေးခွန်းကိုမ​ဖြေဘဲ ဟိုဟိုဒီဒီဝေ့ဝဲကြည့်ကာပြောလိုက်သည်။
"ကျွန်တော်ယန်ယွီနဲ့ခုနကတိုက်ခိုက်ခဲ့ပြီးပြီ။"

ဤရိုးရှင်းသောစကားတစ်ခွန်းကလူတို့စိတ်ဝင်အစားဆုံးနေရာကိုချက်ချင်းထိခတ်သွားပြီး လူတိုင်း၏အာရုံကိုအောင်မြင်စွာဆွဲဆောင်သွားသည်။

ဟယ်ဇီကျိုးအနောက်ရှိ အခြားဂိုဏ်းမှကျင့်ကြံသူတစ်ဦးကချက်ချင်းမေးလာသည်။
"သူဘယ်မှာလဲ?!"

ရှုလင်ကျားစိတ်ပျက်မှုတစ်စွန်းတစဖြင့်လိုရှင်းတိုရှင်းပြောလိုက်သည်။
"နောက်တော့ သူအဲ့ဒီ့တောင်ပေါ်ပြေးသွားတာပဲ၊ သူထွက်မသွားလောက်သေးဘူး။ ကျွန်တော်ကသူ့ပြိုင်ဖက်မဟုတ်ဘူး၊ ခင်ဗျားတို့တွေပြန်သွားသင့်ပြီ။"

အစက သူဘာကြောင့်ထိုမျှပူးပေါင်းပေးနေလဲဟုလူတိုင်းအနည်းငယ်သက်ာမကင်းဖြစ်မိပေမဲ့ သူဟာယန်ယွီကိုမနိုင်ကြောင်းရှုလင်ကျားကပြောလာပြီး ဒီရှက်တက်တက်အသွင်အပြင်ကိုကြည့်လိုက်မိရာ ၎င်းကမဖြစ်နိုင်။

အဆုံး၌ ရှုလင်ကျားကအလွန်သန်မာသော်ငြား မိစ္ဆာမျိုးနွယ်စုတစ်ပါးအနေနှင့်ယန်ယွီကိုယ်၌ကားနက်ရှိုင်းသောအငြိုးအတေးရှိသည့်အပြင် အိပ်မက်ဆိုးမိစ္ဆာ၏စွမ်းအားကိုပါစုပ်ယူထားခဲ့သည်ပင်။ သူသာတစ်ယောက်တည်းသွားတိုက်ခိုက်လို့ရှိရင် သူ့ကိုရှင်းပစ်နိုင်မလားမည်သူမျှသေချာမသိပေ။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now