[၄၇] ကြည်လင်သောနှလုံးသား|ၾကည္လင္ေသာႏွလုံးသား

3.9K 703 13
                                    

!unicode!

ဟယ်ဇီကျိုးကရှုလင်ကျား၏ကျောပြင်ကိုကြည့်ကာသူ့ကိုမတားမိပေ။

ရှုလင်ကျားကသူ၏ဆရာသခင်ရှစ်စွင်းကိုဂရုစိုက်ကြောင်းသူအမြဲသိထားကာ သူ၏နူးညံ့ပျော့ပြောင်းသောနှလုံးသားကိုလည်းသူနားလည်သည်မို့ ရှုလင်ကျားဂိုဏ်းကထွက်သွားချိန်တွင် ဟယ်ဇီကျိုးအလေးအနက်မထားခဲ့ပေ။

ခုနကလေးတင်ထိ၊ ရှုလင်ကျားကသူပြောသည်ကိုငြင်းဆန်နိုင်လိမ့်မည်မဟုတ်ဟုသူအခိုင်အမာယုံကြည်ထားခဲ့သည်။

သို့သော်ယခုမှသာလျှင် ရှုလင်ကျားကထွက်သွားရန်မည်မျှဆုံးဖြတ်ထားပြီးမှန်းသူရုတ်တရက်သဘောပေါက်သွားသည်။ သူဟာထွက်သွားပြီးမကြာမီတွင် တကယ်စိတ်ဆုံးဖြတ်ထားကာ ပြန်မလာချင်ပေ။

ထိုသို့ပင်လျှင် သူကပ်ဘေးခံစားရတော့မည်ကိုကြားလိုက်ရသော် သူဟာနောက်ဆုံးတွင်မထူးခြားမခြားနားမနေနိုင်တော့ပေ။ ခုနကရှုလင်ကျားဟာဇုန်ဝူရှင်းကိုရှာ​ကာ သူ့အတွက်ဒီတာဝန်ကိုယူပေးချင်နေတုန်းပင်။

ဤကလေးကားတကယ့်ကိုခေါင်းမာကာ နှလုံးသားပျော့ပြောင်းလှပေသည်။

ယနေ့တွင် အရာများစွာပြောင်းလဲသွားကာ ပြန်လည်စဥ်းစားဖို့လိုအပ်သည့်အစီအစဥ်များစွာရှိလောက်သည်။

ဟယ်ဇီကျိုးဝတ်ရုံလက်တစ်ချက်ခါလိုက်ရာ တံခါးကသူ့မျက်စိရှေ့တွင်ဆောင့်ပိတ်သွားချေသည်။

ဒီကနေ့လေမှာပြင်းထန်စွာတိုက်ခတ်နေပြီး နွေရာသီတွင်အဆက်မပြတ်ကျလေ့ရှိသည့်နှင်းပွင့်ချပ်များမှာပိုမိုကြီးမားလာသယောင်။ လေကားဝတ်ရုံလက်မှနေ၍နှင်းပွင့်ချပ်များထံစီးဆင်းသွားသည်။ ၎င်းကချက်ချင်းဆိုသလိုငွေ့ရည်ပျံသွားကာ ရှုလင်ကျားထံတိုက်ခတ်သွားချေသည်။

ဟယ်ဇီကျိုးကသူ့ကိုတားကာ တစ်ခုခုပြောလာမည်ကိုသူစိုးရိမ်နေမိပေမဲ့ တစ်ဖက်လူကသူ့ကိုဘာမှမပြောလာပေရာ ၎င်းကသူ့အားရင်ထဲတွင်မဖော်ပြနိုင်လောက်သောဗလာနတ္တိဖြစ်မှုကိုခံစားသွားရစေသည်။

ရှုလင်ကျားခြံဝန်းငယ်လေးထဲမှခပ်မြန်မြန်လျှောက်ထွက်လာကာ ဘေးလမ်းမထံလှည့်ဖို့ပြင်လိုက်ချိန်တွင် လူတစ်ယောက်သူ့ထံတဟုန်ထိုးပြေးလာကာ သူ့လက်မောင်းကိုဆုပ်ကိုင်လာသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now