[၁၀၇] ဟေးနီလော့ရှိုး|ေဟးနီေလာ့ရွိုး

1.9K 367 1
                                    

!unicode!

ဟယ်ဇီကျိုးမှာအကာအကွယ်မဲ့သွားပြီး ဓားလေပြင်းတစ်လျှောက်နောက်ပြန်ဆုတ်သွားရသည်။ ဤလှုပ်ရှားမှုနှင့်အတူ သူ့လက်ထဲရှိဓားရှည်ကိုလည်းဓားအိမ်ထဲမှထုတ်လိုက်ပြီး သူ၏​ခြေချောင်းများမှာမြေပြင်ပေါ်တွင်ချထားသည်။ သူကမျက်စိတစ်မှိတ်အတွင်းပြန်လှည့်လာပြီး ဓားသွားကရှုလင်ကျား၏လည်မျိုထံအလျားလိုက်ဦးတည်လာသည်။

ရှုလင်ကျားအနောက်လန်ကာ ဟယ်ဇီကျိုး၏ဓားကိုဆုပ်ကိုင်၍မေးလိုက်သည်။
"ခင်ဗျားဒီမှာဘာလုပ်ချင်တာလဲ?!"

"ဒီချောက်နက်ဘယ်လိုပေါ်လာလဲမင်းသိလား။"

ဟယ်ဇီကျိုးကသူ့အမေးကိုမ​ဖြေဘဲ အေးစက်သောအသံဖြင့်ပြောလာသည်။
"အစတုန်းက ကပ်ဘေးရဲ့သားတော်ကိုအပြစ်ပေးဖို့ ကောင်းကင်မိုးကြိုးပစ်ချလာခဲ့တာမို့ အနောက်ဘက်ဗုဒ္ဓဘုရားကျောင်းပြိုကျသွားပြီး မြေအောက်လောကအောက်ကချောက်နက်ထဲကျသွားပြီးတော့ မြင့်မြတ်တဲ့နယ်မြေကဖုန်မှုန့်တွေစွန်းထင်းသွားခဲ့ရတယ်။ ဒီနေရာကမင်းကလောကကြီးထဲမှာမတည်ရှိသင့်တဲ့အကောင်းဆုံးသက်သေပဲ! အမြင့်မြတ်ဆုံးဗုဒ္ဓသာသနာနယ်မြေကတောင်မင်းကိုမကူညီပေးနိုင်တာကို ငါကမင်းကိုဘာလို့အသက်ရှင်လျက်ထားရမှာလဲ။"

သူ၏ဓားကရှုလင်ကျားကို​ခြေလှမ်းအနည်းငယ်ဆုတ်သွားဖို့တွန်းအားပေးလာပြီး နောက်ဆုံးတွင်ရပ်သွားကာ သူ့လက်ကောက်ဝတ်ကိုလှည့်၍ အားလွှတ်လိုက်သည်။

ဓားသွားနှစ်လက်ထိခတ်သွားသည်နှင့်နားကွဲဖွယ်အသံထွက်လာပြီး ဟယ်ဇီကျိုး၏ဓားမှာနောက်ဆုံးတွင်ရှုလင်ကျားထံမှဖယ်ထုတ်ခံလိုက်ရကာ ၎င်းကသူ့ပါးပေါ်ပွတ်ရှသွားသည်။

ဟယ်ဇီကျိုးကခြေထောက်မြှောက်ကာ သူ့ရင်ဘတ်ကိုကန်လာရာ ရှုလင်ကျားပိုမိုမြန်ဆန်စွာတုံ့ပြန်လိုက်ပြီး အနောက်လှည့်ကာ သူ့ဘယ်ဘက်ကနေရာလွတ်ကိုဓားနှင့်တိုက်ခိုက်လိုက်ပြီး ဤအခိုက်အတန့်တွင် သူ၏တွေးခေါ်ပုံမှာအလွန်အမင်းရှင်းလင်းလှသည်။

ဟယ်ဇီကျိုး၏ရင်ထဲတွင် ပြစ်မှုအလုံးစုံကိုအခြားသူများအပေါ်ပုံချခဲ့ပြီး သူလုပ်ခဲ့သည့်အရာရာတိုင်းဟာပြစ်မှုများကိုဖယ်ထုတ်ရန်ဖြစ်သဖြင့် သူကတွန့်ဆုတ်ချင်ယောင်ဆောင်ကာ တစ်ချိန်တည်း၌ရက်စက်ခဲ့သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now