[၆၀] ထောင်ချီသောတိမ်တိုက်တောင်ထွတ်များ|ေထာင္ခ်ီေသာတိမ္တိုက္ေတာင္ထြတ္မ်ား

3.2K 522 2
                                    

!uncode!

"မယ်၊ မယ်၊ မယ်တော် မိစ္ဆာအတုထိတာခံလိုက်ရတယ်..."

အမျိုးသမီး၏အသံမှာတုန်ယင်လျက်ရှိပြီး သူမဟာအထိတ်တလန့်နှင့်ကူကယ်ရာမဲ့ဖြစ်စွာပြောလာသည်။
"ဝမ်အာ၊ မယ်တော်ဘာလုပ်ရမလဲ။ မယ်တော်ဘာလုပ်ရမလဲ။"

သူမပြောရင်းဖြင့် သူမလက်ကိုသူမသားထံအလိုလိုဆန့်တန်းလိုက်မိသည်။

တတိယမင်းသားမှာအံ့အားသင့်မှုဖြင့်ထိတ်လန့်သွားပြီးနောက် အိပ်မက်မှနိုးလာသည့်နှယ် ယိမ်းယိုင်ကာဖြင့်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်မိသည်။

ဝတ်ရုံနီနှင့်အမျိုးသမီးမှာခပ်မြန်မြန်လက်ပြန်ရုတ်ကာပြောလာသည်။
"အင်းပါ၊ မယ်တော် သားတော်ကိုမထိတော့ဘူး၊ မယ်တော့်ကိုအဝေးခေါ်သွားပေးလို့ရမလား။"

သူမစကားနောက်လိုက်၍ အနီရောင်အကွက်မှာလျင်မြန်စွာပျံ့နှံ့လာပြီး တဖြည်းဖြည်းချင်းနှင့်သူမ၏တစ်ကိုယ်လုံးကိုဖုံးသွားလုနီးပါးပင်။ သူမ၏အသံကားတဖြည်းဖြည်းအက်ရှသထက်အက်ရှလာပုံမှာ  သူမလည်ချောင်းထဲတွင်သားရဲကောင်ကဲ့သို့ခပ်နိမ့်နိမ့်ဟိန်းသံတစ်ခုရှိနေသည့်အလား။

အမေနှင့်သားနှစ်ယောက်အနက် တစ်ယောက်ကအရှေ့တိုးလာပြီး အခြားတစ်ယောက်မှာနောက်ဆုတ်သွားပြီးနောက် အဆုံးတွင်တတိယမင်းသားကအော်ဟစ်ကာဖြင့်လှည့်ကာပြေးတော့သည်။

ဝတ်ရုံနီနှင့်အမျိုးသမီးကမှင်သေသေဆိုသည်။
"မင်းငါ့ကိုထားသွားချင်နေတာပဲ!"

သူမသည်အရူးတစ်ယောက်ပမာနောက်ကလိုက်ဖမ်းသော်လည်း တတိယမင်းသားမှာသူမထက်တစ်လှမ်းကြို၍ အခန်းထဲမှပြေးထွက်သွားပြီး တံခါးနှစ်ချပ်ကိုလက်နောက်ပြန်ဖြင့်တင်းကြပ်စွာပိတ်ထားလိုက်ပြီးဖြစ်ကာ အပြင်မှလုံးဝချိပ်ပိတ်ထားခဲ့သည်။

တံခါးကိုထုနေသည့်အသံထွက်ပေါ်လျက်ရှိသည်။ အမျိုးသမီးဟာသူမ၏နောက်ဆုံးအခွင့်အရေးကိုလက်လွှတ်မခံဘဲ တံခါးကိုဆက်တိုက်ထုကာကုတ်ခြစ်နေပေသည်။ အသံတစ်ခုချင်းစီတိုင်းကလူတိုင်း၏နှလုံးသားကိုရိုက်ခတ်နေသည့်နှယ်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now