[၃၄] သွားတာကောင်းမယ်|သွားတာကောင်းမယ်

4K 846 14
                                    

"သူ့စိတ်ထဲမှာဘာရှိနေလဲ၊ သူဘာကြောင့်ဒါကိုလုပ်ခဲ့သလဲဆိုတာကို သူစကားတစ်ခွန်းပြောစရာမလိုဘဲ ဒီလူကအရာအားလုံးကိုနားလည်နေသည်ဟု ရှုလင်ကျားရုတ်ခြည်းခံစားလိုက်ရသည်။"

.....

ချီကွမ်းယာ၏စကားများကိုကြားလိုက်ရရာ လင်းယွဲ့၏အပြုံးမှာမသိမသာလှောင်ပြောင်ဟန်စွက်သွားပြီး သူကစကားမပြောခင်တွင် လင်ရှောင်းဂိုဏ်းကိုတစ်ချက်စိုက်ကြည့်လာသည်။

"မိတ်ဆွေတို့၊ ကျွန်တော်တို့ကဒီမှာဓားရေးလေ့လာဖို့ရောက်နေကြတာ။ ဒီလိုပဋိပက္ခသေးသေးလေးကြောင့် ကျွန်တော်တို့ထိခိုက်သွားလို့ရှိရင် သိပ်ကြည့်ကောင်းမှာမဟုတ်---"

သူချက်ချင်းတန့်ကာပြောလိုက်သည်။
"မင်းတို့ကျွန်တော့်ရှစ်တိကိုတောင်းပန်လိုက်တာကောင်းမယ်လို့ထင်တယ်။ အဲ့ဒါဆိုရင် ဒီကိစ္စပြီးသွားလိမ့်မယ်၊ ဟုတ်ပြီလား။"

လင်းယွဲ့ကစကားလုံးအနည်းငယ်ကိုပြောလာပြီး နောက်ဆုံးစကားကိုကြားလိုက်ရသော် လင်ရှောင်းဂိုဏ်းသားများမှာဒေါသထွက်ထွက်ဖြင့်ရယ်မောမိတော့မည်ပင်။

ကွေ့ရီဂိုဏ်းသားများကသိသိသာသာကိုအမှားလိုက်ရှာနေခြင်း!

ရှောင်းနဥ်အာဟာလည်းဤတစ်ခေါက်တွင်လိုက်လာခဲ့ပေမဲ့ သူမဟာဓားရေးယှဥ်ပြိုင်ဖို့အရည်အချင်းမပြည့်မှီဘဲ ဤနေရာကိုလာလေ့လာခြင်းဖြစ်သည်မို့ သူမအရမ်းဒေါသထွက်မိပေမဲ့စကားမပြောပေ။

ယခုတွင်သူမနောက်ဆုံးတွင်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ပြက်ရယ်ပြုလိုက်သည်။
"ဒီလောကကြီးထဲမှာ အဖြူအမည်းပြောင်းပြန်လှန်ပြီး အမှန်နဲ့အမှားကိုဇဝေဇဝါဖြစ်စေတဲ့ အရှက်မရှိတဲ့ကျင့်ကြံသူတွေရှိနေသေးတာပဲ၊ ကွေ့ရီဂိုဏ်းကသူ့ရဲ့ဂုဏ်သတင်းနဲ့သိပ်ကိုထိုက်တန်ပါပေတယ်၊ ကျွန်မမျက်မြင်တွေ့လိုက်ရပြီ!"

သူမအသံကရှင်းလင်းနေပေရာ ဂိုဏ်းသားတချို့မှာပြက်ရယ်ပြုလိုက်ကြသည်။

လင်းယွဲ့၏မျက်နှာမှာမသိမသာမှောင်မိုက်သွားရကာ သူကသူမကိုမိန်းကလေးတစ်ယောက်အဖြစ်ပင်မမြင်ပေ။ သူကသူမကို"အရိုအသေမဲ့လိုက်တာ"ဟုဆိုကာတိုက်ခိုက်လာသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now