[၁၁၉] အချပ်ပို: ဆယ်ကျော်သက်အရွယ်(အပိုင်း-၁)

2.9K 309 0
                                    

!unicode!

"ရှစ်ရှုန်း၊ ဒီတစ်ခေါက်...ဇုန်ဝူရှင်းတကယ်ပျောက်ကွယ်သွားပြီလို့ထင်လား "
ရှုလင်ကျားအတန်ကြာတွေးနေမိပြီး နောက်ဆုံးတွင်ကျင်းဖေးထုန်ကိုထိုကဲ့သို့ထုတ်မေးလိုက်မိသည်။

ဤအချိန်တွင် ကိစ္စများစွာဖြေရှင်းပြီးသွားပြီပင်။ ရှုလင်ကျားသည်သူ၏စိတ်ပူတတ်သောမိဘနှစ်ပါးကြောင့် ချင်းချိုးမှာတစ်လကျော်သောင်တင်နေခဲ့ပြီး ယခုမှသာအပြင်ထွက်ခွင့်ရလာခြင်းဖြစ်သည်။ ကျင်းဖေးထုန်နှင့်အတူ သူကရှီးထျန်လင်ရှန်းတောင်ထွတ်ထံပြန်လာခဲ့သည်။

နှစ်ဦးသားမှာတမင်သက်သက်ညလယ်ခေါင်ကိုရွေးခဲ့ပြီး ကောင်းကင်မြင့်မားကာ လရောင်တောက်ပနေပြီး ရေခဲပွင့်များမှာမှန်ချပ်ပမာ အပြာရင့်ရောင်ကောင်းကင်ကိုရောင်ပြန်ဟပ်လို့နေကာ နှင်းစက်များကတဖွဲဖွဲကျဆင်းလျက်ရှိသည်။

မြူဖြူကားလေထဲတွင်မျောလွင့်နေပြီး ပန်းပွင့်နှင့်သစ်ပင်၊ အစိမ်းရောင်အုတ်ကြွပ်နှင့်အနီရောင်နံရံတို့ကို ရောင်ပြန်ပမာမှုန်ဝါးစေသည်။

အပျက်အစီးပုံထဲတွင်အသက်ဓာတ်မှာ သစ်ပင်၊ ထူထဲသောသစ်ကိုင်းနှင့်သစ်ရွက်တို့နှင့်အတူရှိနေသည်။ လေတစ်ချက်ဝေ့တိုက်သွားတိုင်း တရှဲရှဲမြည်သံတို့ကိုကြားရပေလိမ့်မည်။

ကျင်းဖေးထုန်ကတစ်ဝက်ကျန်ရှိသည့်စကြန်အောက်မှာမသက်မသာထိုင်ချကာ သူ့နောက်ကျောကနံရံကိုမှီလျက် သာမန်ကာလျှံကာပြုံးကာပြောလာသည်။
"မဟုတ်မှာစိုးတယ်။ ဒီလောကကြီးထဲမှာမှောင်မိုက်တဲ့နှလုံးသားရှိတဲ့လူတွေရှိနေသရွေ့ မကောင်းဆိုးဝါးမိစ္ဆာအသစ်တွေအမြဲပေါ်လာမှာပဲ။ ဒါပေမဲ့ နှစ်ရာချီ နှစ်ထောင်ချီကြာသွားရင်တောင် အချိန်ကသူရဲကောင်းတွေကိုအမြဲဖန်တီးပေးသွားမှာမို့....ကိုယ်တို့နဲ့မဆိုင်တော့မှာစိုးတယ်။"

"အမှန်ပဲ။"

ရှုလင်ကျားသက်ပြင်းအသာချကာ သူ့ရှေ့ရှိအပျက်အစီးပုံကိုကြည့်ရင်း အနည်းငယ်စိတ်ပျက်သွားရသည်။
"သူတို့၇ယောက်ကကြီးမားတဲ့တန်ကြေးကိုပေးဆပ်ခဲ့တာကိုတွေးမိတော့ သူတို့ကဇုန်ဝူရှင်းကိုတစ်ခါတည်းချိပ်ပိတ်ပြီး အနာဂတ်အတွက်ငြိမ်းချမ်းမှုကိုချန်ထားခဲ့ချင်ရုံပဲ။ ရှီးထျန်ပြိုကျသွားပြီးတော့ ရှစ်စွင်းကော၊ အခြားအကြီးအကဲတွေကောမိစ္ဆာအဖြစ်ကျရောက်သွားပြီးတော့သေဆုံးသွားကြတယ်။ ကျွန်တော့်မိဘတွေကနှစ်ရာချီကွဲကွာနေခဲ့ရပေမဲ့ ဇုန်ဝူရှင်းလုံးဝချိပ်ပိတ်မခံခဲ့ရဘူးလို့ကျွန်တော်မထင်ထားခဲ့မိဘူး...."

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now