[၉၀] ဝေရှိချဲ့ကျန့်|ေဝရွိခ်ဲ့က်န့္

1.9K 346 0
                                    

!unicode!

ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့အပြန်အလှန်ကြည့်မိကြသည်။

မုန့်ရှန်ထိုသို့မေးလာရာတွင် သူမ၏ချစ်သူကားမကောင်းသည့်အရာဘာဆိုဘာမျှမလုပ်ဖူးသည့်ထိုရိုးသားကာပွင့်လင်းသောသွေးနှောမြေခွေးမင်ရှောင်းအစစ်ဖြစ်လိမ့်မည်ဟုသူမတကယ်တော့မျှော်လင့်ထားကြောင်း သူတို့နှစ်ဦးစလုံးရင်ထဲတွင်သိထားကြသည်။

သို့သော် ကိစ္စများမှာဆန့်ကျင်ဘက်ဖြစ်ပြီး ဒီကိစ္စ၏အမှန်တရားကမုန့်ရှန်ကိိုစိတ်ပျက်သွားစေလောက်သည်။

အစမှအဆုံးထိတိုင်အောင် မုန့်ရှန်သိခဲ့သည့်လူကားယန်ယွီဖြစ်သည်။

မင်ရှောင်းကိုဝင်စီးသည့်ယန်ယွီကိစ္စ၏လေးနက်မှုကြောင့် သူသာကိစ္စ၏အမြစ်ကိုနားမလည်လို့ရှိရင် အခြားသူများမှာမသိလိုက်ဘဲလှည့်စားလိုက်ရနိုင်သည်။ နောက်ပိုင်းမှာ သူတို့ဟာလည်းအဖြစ်မှန်ကိုသိရှိသွားကြသည်။

အဆုံး၌ ယန်ယွီကိုယ်၌ကားမိစ္ဆာဖြစ်နေပေရာ သူ၏အလဟဿသေဆုံးမှုအပြီးတွင် နက်ရှိုင်းသောအငြိုးအတေးများကျန်ရစ်ခဲ့သည်။ ဤအခြင်းအရာမှာသူ့ကိုယ်ပေါ်တွင်ဖယ်ရှားရခက်သည့်အမှတ်အသားထားလိုက်သည်နှင့်တူညီသဖြင့် သူဘယ်နေရာကိုဘဲသွားသွားသတိပြုမိလွယ်သည်။

ရှုလင်ကျားမှာမင်ရှောင်းကိုစသိကတည်းက ထိုသူဟာချင်းချိုးမြေခွေးမျိုးနွယ်စုတွင်နေထိုင်သည့်အပြင် ရှင်းဇုန်၌လည်းမုန့်ရှန်နှင့်အတူနေသည်။ သူသာထိုအချိန်ကာလအတွင်းမှာဝင်ပူးခံလိုက်ရလို့ရှိရင် သူ့အနားရှိလူတို့မသိဖို့ရာမဖြစ်နိုင်။

သို့ဖြစ်ရာ ဤပြဿနာ၏အဓိကအချက်ကားသေရာမှပြန်ရှင်လာသည့်မင်ရှောင်း၏ပြန်လည်ရှင်သန်မှုထဲတွင်ရှိနေခြင်းဖြစ်ရမည်။ အခုစဥ်းစားကြည့်မိရာ တကယ့်ကိုသံသယဖြစ်ဖွယ်ကောင်းလှသည်။

ထိုအချိန်တုန်းက မုန့်ရှန်၏မိဘများကသူတို့၏ပြန်ရှင်လာစေရန်မုန့်ရှန်ကိုအသုံးချချင်မှန်းသိလိုက်ရချိန်တွင် မင်ရှောင်းကသူတို့ကိုတားဖို့မရွေးချယ်ဘဲ အလဲအလှယ်အနေနှင့် သူ့အသက်ကိုအဘယ်ကြောင့်စတေးခဲ့ရသနည်းဟုရှုလင်ကျားမေးခဲ့သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now