[၂၀.၂] တင်းခဲ့ရင်းလီ|တင္းခဲ့ရင္းလီ

5.4K 1K 7
                                    

"အဓိကဇာတ်ဆောင်၏မူပိုင်ဇာတ်ကြောင်းလွှဲပြောင်းခြင်း + ဒီကနေ့၏ခွန်အားကြီးသောအမွှေးဖွာမြေခွေးလေး။"
(၂)

.................................................................

အနန္တမိစ္ဆာမျက်လုံးကား လျို့ဝှက်နယ်မြေထဲ၌ အနက်ရှိုင်းဆုံးဂူဖြစ်သည်။

ရှုလင်ကျားသည်ချန်းနဥ်ထံမှရိုးရှင်းသောစကားလုံးအနည်းငယ်ကြားဖူးခဲ့ပြီး ဤနေရာကိုသွယ်တန်းထားသောလမ်းမှာ အရမ်းကိုအကွေ့အ​ကောက်များပြီး ရောက်ဖို့ရန်ခဲယဥ်းလှသည်ဟုဆို၏။ ၎င်းကိုထိုသို့ခေါ်ဆိုရခြင်းမှာ ပတ်ပတ်လည်ရှိကျောက်နံရံများဟာလူမျက်လုံးများကဲ့သို့သော ပုံသဏ္ဍာန်များဖြင့်ဖုံးကာလျက်ရှိကာ လူ့စိတ်ကိုအလွယ်တကူပျက်ယွင်းစေနိုင်ပြီး ထင်ယောင်ထင်မှားပုံရိပ်ယောင်များကိုဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။

ဆန့်ကျင်ဖက်အနေဖြင့် ကျန်းရွေ့၏ဖောက်ခွဲမှုသည် မိစ္ဆာမျက်လုံးထံသွားရန် သူ့အတွက်အလွန်အဆင်ပြေသောလမ်းကြောကိုဖောက်ပေးလိုက်ပေ၏။

ရှုလင်ကျားသည်စနစ်မှပေးသောလမ်းကြောင်းအတိုင်းပြေးလာခဲ့ပြီး လမ်းထောင့်ကိုသွားကာ ရုတ်တရက်ကွေ့လိုက်သည်။

စနစ်ကသူ့ကိုကြည့်လိုက်ပြီး ဆန့်ကျင်ဖက်လမ်းကိုသွားရမည်ဟုပြောရန်ပြင်လိုက်ချိန်တွင် တစ်ဖက်လူကကျောက်စိမ်းရှေ့ကိုတည့်တည့်မတ်မတ်ပြေးသွားပြီး သူ့ကိုယ်သူရှင်းလင်းစွာကြည့်ရှုနေပေသည်။

စနစ်: [...တကယ်ချစ်စရာမကောင်းဘူးရယ်၊ ဗီလိန်ကဘာမှပြောမှာမဟုတ်ဘူးလို့ငါယုံတယ်!]

[ဗီလိန်ကအရမ်းရက်စက်တာ၊ အကောင်သေးသေးလေးတွေကိုဘယ်လိုလုပ်ပြီးသဘောကျမှာလဲနော်!]

လူသားများကငယ်စဥ်ဘဝတွင်အနက်ရှိုင်းဆုံးအရိပ်များချန်ရစ်ထားခဲ့ကြသည်ဟု သူကြားဖူးခဲ့သည်၊ ဖြစ်နိုင်တာကတော့ လူသားဖြစ်လာသောမြေခွေးများမှာလည်းအတူတူပင်ဖြစ်လောက်သည်။

လူသားဖြစ်မလာနိုင်ခင်တုန်းက ဂိုဏ်းထဲတွင် ရှုလင်ကျား၏နာကျင်ဖွယ်အတိတ်ကို၎င်းစိတ်ကူး၍ရသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now