[၉၅] နွေဦးတောင်လေ|နွဦေးတောင်လေ

2K 373 2
                                    

!unicode!

တစ်ချိန်တည်း၌ ရှုလင်ကျားသည်ဓားအလင်းတန်းထဲတွင်မူမမှန်မှုတစ်ခုခုကိုသတိပြုမိသွားပြီး လော်​ရှောင်းဟာလည်းတစ်ခုခုမှားနေမှန်းသတိထားမိသွားသည်။

သူဟာအစီအရင်၏အလယ်ဗဟိုမှာမဟုတ်ပေ၊ သူကားမှားယွင်းကာစစ်မှန်သောနည်းလမ်းဖြင့်လူတိုင်း၏ရှေ့တွင်အားနည်းမှုကိုအမြဲထုတ်ပြ​လေ့ရှိသဖြင့် သူဟာအပြင်းအထန်နာမကျန်းဖြစ်နေသည်နှင့်တူပေသည်။ ထို့ကြောင့် လူအများစုကရှုလင်ကျားကိုပိုကြောက်ကြပြီး လော်ရှောင်းဘက်ရှိတိုက်ခိုက်မှုမှာပိုပေါ့ပါးသွားသည်။

လော်ရှောင်းကိုယ်တိုင်ကသူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသေချာဂရုတစိုက်ထိန်းသိမ်းကာ ခုသာခုခံပြီးမတိုက်ခိုက်သဖြင့် လူတိုင်းကသူ့ကိုတစ်အောင့်မျှဘာမှလုပ်လိမ့်မည်မဟုတ်။ သူ၏မျက်လုံးထောင့်မှ တည်ငြိမ်စွာဝေ့ဝဲကြည့်လိုက်ရာ သူတို့နှစ်ယောက်ဖောက်ထွက်ပြီးလွတ်မြောက်သွားနိုင်မည့်လမ်းကိုရှာနေမိသည်။

သို့ဖြစ်ရာ သူကဟယ်ဇီကျိုး၏ထူးဆန်းသောမျက်လုံးများကိုသတိထားမိသွားသည်။

တိုက်ပွဲမှာအလွန်ပြင်းထန်လှပေမဲ့ သူကဝင်မပါဘဲ ရှုလင်ကျားဘက်ကိုသာစူးစိုက်ကြည့်လို့နေပြီး သူ့မျက်နှာထက်တွင်ကြိုတင်ခန့်မှန်းမရသောမျက်နှာထားရှိနေပုံမှာ အနည်းငယ်အံ့အားသင့်နေသည့်အလား။

ဟယ်ဇီကျိုး၏မျက်နှာထားကိုမြင်လိုက်ရသော် ဒီလူအိုကြီးကမကောင်းတာတစ်ခုခုထပ်လုပ်နေတာဖြစ်ရမည်ဟုလော်ရှောင်းချက်ချင်းနားလည်သွားသည်။

သူ့မှာဟယ်ဇီကျိုးအပေါ်ရှုလင်ကျားကဲ့သို့နက်ရှိုင်းသောသံယောဇဥ်မရှိပေ၊ အခြားနည်းဖြင့်ဆိုရသော် ရှုလင်ကျားမှအပ၊ လော်ရှောင်းဟာအခြားသူများအပေါ်ကြီးစွာသောကောက်ကျစ်မှုဖြင့်ခန့်မှန်းရသည်နှင့်အမြဲနေသားကျနေလေပြီ။

သူ့စိတ်ထဲရှိအတွေးများမှာအကြိမ်အနည်းငယ်မျှခပ်မြန်မြန်လှည့်ပတ်သွားပြီး ရှုလင်ကျားကိုယ်ထဲရှိမိစ္ဆာစွမ်းအင်ကိုသူချက်ချင်းတွေးမိသွားကာ သူ့ရင်ထဲမှာမနေနိုင်ဘဲ"သွားပြီ"ဟုပြောမိသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now