3.6K 645 13
!unicode!
ကျင်းဖေးထုန်ကသူ့ကိုအကြိမ်ပေါင်းများစွာဖက်ဖူးသော်လည်း ဤကဲ့သို့မဟုတ်ပေ။ ယခုတွင်သူဟာသူ၏ကိုယ်နေဟန်ထားကိုရုတ်တရက်ပြောင်းလဲလိုက်ပေရာ ဖြစ်နိုင်ချေတစ်ခုသာလျှင်ရှိသည်--သူ့ရင်ဘတ်ဒဏ်ရာရထားမှန်းတစ်ဖက်လူသိသည်။
ရှုလင်ကျားတကယ့်ကိုရင်ဘတ်မှာဒဏ်ရာရထားသည်။
သူသည်ကျန်းရွေ့နှင့်တိုက်ခိုက်စဥ်က သူ၏ဓားစွမ်းအင်ဖြင့်ရင်ဘတ်ကိုရိုက်ခတ်မိသွားသည်မို့ သူလဲကျကာသွေးအန်လိုက်မိသည်။ သို့သော်လည်း အသားပေါ်တွင်ဒဏ်မဖြစ်သွားဘဲ အဓိကဇာတ်ဆောင်ရောင်ဝါကတစ်ဝက်မျှပြန်ရောက်လာသဖြင့် ယခုတွင်အနည်းငယ်သာနာကျင်သော်လည်း ဒဏ်ရာကသိပ်မပြင်းထန်ပေ။
သို့သော် ကျင်းဖေးထုန်ကသူ့ရင်ဘတ်ပေါ်ဒဏ်ရာနှင့်ပတ်သတ်ပြီးအလွန်စိုးရိမ်ပူပန်လွန်းလှသဖြင့် ထိပင်မထိရဲပေ။ မြေခွေးလေးကရှုလင်ကျားဖြစ်ပြီး သူ့ဒဏ်ရာကိုသူ့မျက်စိ​ဖြင့်တပ်အပ်မြင်ထားခြင်းမှအခြားမရှိပေ။
ထိုဖြစ်နိုင်ချေကိုတွေးမိရင်း ရှုလင်ကျားချက်ချင်းပင့်သက်ရှိုက်မိကာ သူ့တစ်ကိုယ်လုံးပေါ်ရှိအမွှေးများအကုန်ထောင်လာရသည်။
သူသိလို့ရှိရင် သူဘယ်တုန်းကသိသွားတာလဲ။ သူဘယ်လိုသိသွားတာလဲ။
ကျင်းဖေးထုန်ကတကယ့်ကိုမိစ္ဆာပဲ!
သူတို့နှစ်ဦးအတူရှိခဲ့စဥ်က ကျင်းဖေးထုန်၏ယခင်အပြုအမူများကိုရှုလင်ကျားမနေနိုင်ဘဲပြန်တွေးကြည့်မိသည်။ သူ့ရင်ထဲမှာဒီသံသယရှိလာသည်နှင့် မြေခွေးအပေါ်သူ၏သဘောထားမှာတကယ့်ကိုကြောက်မက်ဖွယ်ကောင်းကာ သူဘယ်ကလာပြီး ဘယ်ကိုသွားမှန်းလုံးဝမသိချင်ခဲ့ကြောင်း ချက်ချင်းသိရှိသွားသည်။
အတိတ်တုန်းက ကျင်းဖေးထုန်ကမြေခွေး၏ဇစ်မြစ်ကိုရှာဖွေဖော်ထုတ်ရန်စိတ်အခြေအနေမရှိဟုသာ ရှုလင်ကျားတွေးခဲ့မိပေမဲ့ အခုတွေးကြည့်မိရာ သူသိပြီးသား...ဖြစ်လောက်မည်။
လူကောင်းလေး၊ ခင်ဗျားဒီလောက်အကြာကြီးအပြစ်အနာအဆာတစ်ခုလေးတောင်မဖော်ပြခဲ့ဘူးနော်၊ ခင်ဗျားသိပ်ကိုဟန်ဆောင်ကောင်းလွန်းတယ်!
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now