[၁၈] တစ်ချိန်လုံး|တစ္ခ်ိန္လုံး

4.7K 1K 63
                                    

"ရှုလင်ကျားပြောတာမှန်တယ်။"

........................................................................

လူတစ်​ယောက်၊ ဓားတစ်လက်တည်းနှင့် ရှုလင်ကျားသည် တွင်းထဲရှိမကောင်းဆိုးဝါးတစ်ဝက်နီးပါးကို ချက်ချင်းဆိုသလိုသုတ်သင်ပစ်လိုက်၏။ သူ၏လျင်မြန်ဖျတ်လတ်သောစိတ်၊ တိကျသောတွက်ချက်မှုနှင့် ဓားမကျေနပ်ချက်တို့ကိုထိန်းချုပ်ရာတွင်လိမ္မာပါးနပ်မှုရှိခြင်းတို့ဟာ အရမ်းတော်လွန်းလှသဖြင့် သူ့ကိုလူတိုင်းမြင်သွားကြပြီး နတ်ဘုရားပင်မိန်းမောသွားလောက်သည်။

ရွောင်သည်လက်ရှိတွင်လင်ရှောင်းရှင်းဇုန်၏ချီဂိုဏ်းမှဂိုဏ်းသားဖြစ်၏။ များသောအားဖြင့် သူကားဓားရေး၏ပထမဂိုဏ်းတွင်မွေးဖွားလာရသဖြင့် သွေးနားထင်ရောက်နေပေသည်။ ဤအခိုက် သူကူကယ်ရာမဲ့စွာဖြင့်အံ့သြမှင်သက်သွားရသည်။ ဤမြေခွေးမျိုးနွယ်စု၏သခင်လေးက ဤမျှစွမ်းဆောင်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။

သူတို့မတိုင်ခင်တုန်းကမျက်နှာလွှဲထားခဲ့ကြကာ အကယ်၍ သူတို့သာအကောင်းဆုံးမကြိုးစားမိရင် ပထမဓားရေးဂိုဏ်းဟုခေါ်သောလင်ရှောင်းဂိုဏ်းမှာ ဤတစ်ကြိမ်တွင်အရှက်ရစဖွယ်စွန့်ပစ်ခံအိမ်ဖြစ်သွားပေလိမ့်မည်။

ရှုလင်ကျားဖန်တီးလိုက်သောဓားမိုးမှာအနည်းငယ်အရှိန်လျော့သွားကြောင်းမြင်လိုက်ရသဖြင့် အခြားသူများကချက်ချင်းပင်ဟာကွက်ရှာတွေ့သွားကာ ခုန်ဆင်းလာခဲ့ကြသည်။

စုန့်ယွင်ပြောလိုက်သည်။
"မင်သခင်လေး၊ မင်းခဏနားလို့ရပါတယ်။ ကျွန်တော်တို့တွေမင်းကိုလာကူညီတာ။"

ဓားနာကျည်းချက်ကိုတမင်သက်သက်ရန်စသောနည်းလမ်းကား အရမ်းအများကြီးသုံး၍မရ၊ ၎င်းကတိုက်ခိုက်ဖို့လွယ်ကူပြီး နောက်တစ်ဆင့်ကတိကျသောသတ်ဖြတ်မှုပင်ဖြစ်သည်။

စနစ်မှရေတွက်ထားသောဂဏန်းကို ရှုလင်ကျားစိုက်ကြည့်၍ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ကျွန်တော့်အတွက်ကိုးကောင်ချန်ထားပေးထားပါ၊ မင်းကျန်တာသတ်လို့ရတယ်။"

သူပြောလိုက်ရင်းဖြင့် သူ့ခြေဖဝါးနှင့်လမ်းလျှောက်သွားပြီး တိမ်ပေါ်ခုန်တက်လိုက်သကဲ့သို့ သူ့လက်ချောင်းတွေကိုအတူတူစုကာ လေထဲတွင်ပျံဝဲနေသောတစ်ဖက်ကျိုးဓားကို လက်ချောင်းကြားထဲညှပ်၍ ပစ်လွှတ်လိုက်ရာ လူဝံကြီး၏လည်မျိုကိုရုတ်ခြည်းဖြတ်တောက်သွားပေသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now